Chapter 21

490 49 3
                                    

စုန့်ယန့်က သူ့စီးကရက်ကိုလက်စသတ်ပြီး ပြန်ကြည့်တော့ ရွှီချင့် သည် သူမ၏ငရုတ်ဆီခေါက်ဆွဲနဲ့ မာထျွမ်ကို အောင်မြင်စွာစားသေဋက်ပြီးသွားခဲ့တယ်။ ထို့နောက်သူမ Youtiao နဲ့ ပဲနို့ကိုဆက်စားလိုက်သည်။

သူမက ဒေသခံလူမျိုးများကဲ့သို့ စားသောက်နည်းကို သင်ယူခဲ့ပါတယ်။  အတုံးသေးသေးလေးတွေဖြတ်ပြီး ပဲနို့ထဲမှာ အားလုံးကို စိမ်ထားလိုက်ပြီး ပျော့သွားသောအခါမှ ဇွန်းကိုအသုံးပြု၍ စားသောက်သည်။  ပြီးသွားတော့ နှုတ်ခမ်းတွေကို သပ်လိုက်ပြီး သူမကျေနပ်နေပုံရ၏။

သူမရဲ့ စားသောက်ပုံက ဒီပတ်ဝန်းကျင်က လူတွေကဲ့သို့ပုံမှန်ပါပဲ။  ဆံပင်ကို ponytailအနိမ့် ချည်နှောင်ထားပြီး မီးခိုးရောင်ကုတ်အင်္ကျီ၊ ဂျင်းဘောင်းဘီ၊ ခြေကျင်းဝတ်အထိရှိတဲ့bootsဖိနပ်နှင့် လက်ကိုင်အိတ်သေးသေးလေးကို ကိုင်ထားသည်။  သူမကြည့်ရတာ သာမန်မိန်းကလေးတစ်ယောက်လိုပင်။  အနည်းငယ် လှပတာကလွဲ၍ သူ့အမူအရာနဲ့ အပြုအမူများက အလွန်ငြိမ်သက်ပြီး တည်ငြိမ်ပါတယ်။

သူ သူမကို ကြည့်နေချိန် ရွှီချင့်က သတိထားမိပုံရသည်။  သူမကလည်း သူ့ကိုကြည့်တယ်။  တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းမဆုံခင်မှာပဲ စုန့်ယန့်က အဝေးကို အမြန်အကြည့်လွှဲလိုက်၏။

လူတွေကလည်းစတင်စည်ကားလာသည်။

စုန့်ယန့် သူ၏ ဒုတိယ စီးကရက်ကို မီးညှိလိုက်တယ်။

ရွှီချင့် နဲ့ ပြန်တွေ့ပြီးကတည်းက စုန့်ယန့် ဟာ သူမ၏မျက်နှာကို အနီးကပ်အတိအကျ မမြင်ရသေးပါဘူး။  အချိန်တိုင်း သူ့မျက်လုံးတွေက သူမမျက်နှာကို အချိန်အကြာကြီး ကြည့်ရန်အတွက်မရပ်တည်နိုင်ရှာပေ။

ဒါပေမယ့် သူမလေးအသွင်အပြင်ကို လွန်စွာမှတ်မိနေခဲ့ပါတယ်။ အဲဒါက အများကြီးကွာခြားမှုမရှိလောက်ပေ။  သူမ၏ မျက်နှာသည် အနည်းငယ် သေးငယ်ပြီး ဖြူဖွေးပါတယ်။

ရွှီချင့် က အရမ်းလှပကြောင်းစုန့်ယန့်ကောင်းကောင်းသိသည်။  ထိုအချိန်တွေတုန်းကလည်း သူမ၏အလှကြောင့် စတင်ချစ်မိသွားခဲ့ခြင်းဖြစ်၏။

Waiting for you in a city (MM translation)Where stories live. Discover now