Chapter 39

918 61 4
                                    

လမ်းမီးတိုင်သည် အဝါဖျော့ဖျော့နှင့် နှင်းပွင့်လေးများကပေါ့ပါးစွာ ကခုန်နေကြသည်။

ရွှီချင့် က စုန့်ယန့် ကိုကြည့်လိုက်ရင်း "အိမ်ထဲဝင်ထိုင်ဦးမလား?" သူမက ငြင်းမှာကို ကြောက်နေပုံရပြီး "နင်ဘာမှမစားရသေးဘူးလေ၊ ထမင်းသွားစားပြီးမှအိမ်ပြန်ပါ့လား" ဟု ထပ်လောင်းပြောသည်။

စုန့်ယန့် ရုတ်တရက် ရယ်ဖို့ကောင်းတာတခုတွေ့သွားပြီး "ဟင်းချက်တက်လို့လား?"

ရွှီချင့်: "...."

စုန့်ယန့် က "အိမ်မှာဟင်းချက်ဖို့အမယ်တွေရှိလား...... ဆေးရုံကပေးတဲ့ဆန်ကလွဲလို့?"

ဒီအချိန်မှာ ရွှီချင့် က မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး သူမခန္ဓာကိုယ်ကိုလှည့်ပြီး လမ်းထောင့်ကို ညွှန်ပြတယ် "အဲဒီမှာ စူပါမားကတ်တစ်ခုရှိတယ်၊ တော်တော်ကြီးတယ် ၊ အားလုံးရှိတယ်။"

စုန့်ယန့် : "......"

"အခုဝယ်လိုက်ရအောင်" ရွှီချင့် က အကြံပြုသည်။

စုန့်ယန့် က "သွားမယ်"

မကြာခင် ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ စူပါမားကတ်ရှေ့မှာ ရောင်စုံမီးတွေပါတဲ့ ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ရှိနေသည်။

စုန့်ယန့် က စူပါမားကတ်အတွင်းမှ ဈေးဝယ်လှည်းကိုသွားယူလိုက်တယ် ။ ထို့နောက်မီးဘေးလုံခြုံရေးကို စစ်ဆေးရန်အတွက်မျက်နှာကျက်ကို မော့ကြည့်လိုက်ကာ အနီးဆုံးအရေးပေါ်ထွက်ပေါက်ကို ကြည့်သည်။

ရွှီချင့် က အဲဒါကို သတိထားမိပြီး "နင့်မှာ တော်တော်ပြင်းထန်တဲ့ လုပ်ငန်းခွင်ရောဂါရှိနေတာပဲ"

စုန့်ယန့် က "မင်းကရော?"

"အမ်?"

"မင်းရဲ့လုပ်ငန်းခွင်ရောဂါ?"

"ငါကသန့်ရှင်းမှုကိုနည်းနည်းတော့ စွဲလမ်းနေတယ်"

"မင်းရဲ့စွဲလမ်းမှုကြောင့်ပဲ တိုက်ခန်းမှာသပ်သပ်ရပ်ရပ်ဖြစ်နေအောင်လို့ဘာပစ္စည်းမှ မထည့်ထားတာလား"

"......"

ရွှီချင့် က "ငါကလက်ဆေးရတာ ကြိုက်တယ်၊ တစ်ခါတလေ ခံစားရတာ......" သူသည် အသားနှင့်လတ်ဆတ်သော ပင်လယ်စာ စင်ကို ကြည့်ရင်း "ဒီသားသတ်သမားရဲ့ အရည်အချင်းက သိပ်မကောင်းဘူး"

Waiting for you in a city (MM translation)Tempat cerita menjadi hidup. Temukan sekarang