Chapter 31

628 64 7
                                    

ရွှီချင့် သူမ၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး ခေါင်းကိုနောက်သို့လှည့်ကာ "လက်ထောက်ညွှန်ကြားရေးမှူး လျှို"

လက်ထောက်ညွှန်ကြားရေးမှူး လျှို သည် ဆေးရုံ၏ လုံခြုံရေးပိုင်းကိုကိုင်တွယ်သည်။  နေ့တိုင်း သူသည်လူတိုင်းအပေါ် ချစ်ခင်ရင်းနှီးစွာ ပြုမူတတ်၏။  သူက ရှီချင့် ကို စုန့်ယန့် နဲ့ မိတ်ဆက်ပေးပါတယ်- "ရှောင်ရှီ ရေ၊ ဒါက ရှီလီထိုင်ကမီးသတ်ကပ္ပတိန်၊ စုန့်ယန့် ၊ ခေါင်းဆောင်စုန့် လေ"

ရွှီချင့် က ခေါင်းညိတ်ပြပြီး စုန့်ယန့် ကို ကြည့်သည်။  သူဒီနေ့အရမ်းချောနေတာ—

"ခေါင်ဆောင်စုန့်၊ ဒါက ငါတို့ဆေးရုံရဲ့ အသက်အငယ်ဆုံးနဲ့အလားအလာအကောင်းဆုံး ခွဲစိတ်ဆရာဝန် ရွှီချင့်၊ ဒေါက်တာရွှီ တဲ့"

"ဟုတ်" စုန့်ယန့် က ဖြေပြီး ခေါင်းညိတ်သည်။  သူက ရွှီချင့် ကိုကြည့်နေတယ်။

ရွှီချင့် က သူ့မျက်လုံးတွေကိုကြည့်လိုက်ရင်း  ထို့နောက် သူမ အဝေးကိုသာအကြည့်လွဲလိုက်သည်။

သူမသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်၊ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သို့သော် လွန်စွာ အဆင်မပြေခဲ့။

စုန့်ယန့် က ခေါင်းညိတ်ပြီး "ဟိုင်း"

ရွှီချင့် လည်း သူ့ကိုပြန်ကြည့်ကာ "ဟိုင်း..." ဟု ခေါင်းညိတ်သည်။

သူမကို့ယို့ကားယားနိုင်တာကသိသာထင်ရှားလွန်းသည်၊ လက်ထောက်ညွှန်ကြားရေးမှူးလျှို က ပြုံးပြီး စကားပြောရန်ကူညီပေးပါတယိ- "ငါတို့ ဒေါက်တာရွှီ က ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုမှာထူးချွန်ပေမယ့် သူမကတခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာမတော်သလို စကားပြောရတာလည်းသိပ်မကြိုက်ဘူး။  မင်းတို့က ပထမဆုံးအကြိမ်တွေ့တာ ကျေးဇူးပြုပြီး သူ့ကို စောင့်ရှောက်ပေးပါဦးခေါင်းဆောင်စုန့်"

စုန့်ယန့် က "ကျွန်တော်မဝံ့ရဲပါဘူးဗျာ"

ရွှီချင့် ၏မျက်နှာမှာ နီရဲနေပြီး သူမကအောက်ကိုငုံ့ကြည့်ကာ "စုန့်ယန့်— ခေါင်းဆောင်၊ တစ်ခုခုကိုင်တွယ်ဖို့ဒီကိုလာတာလား"

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora