Chapter 7

563 52 3
                                    

ရွှီချင့် သည်အေးဆေးတည်ငြိမ်သောရက်သတ္တပတ်တစ်ခုတွင် ပုံမှန်အတိုင်းပဲအလုပ်လုပ်နေခဲ့၏။

အစိုးရရုံးပိတ်ရက်များအတွင်း ပြင်ပလူနာဆေးခန်းသည် အလှည့်ကျအချိန်ယူပြီး အရေးပေါ်ဌာနကတော့ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်ရသည်။

အားလပ်ရက်ရောက်တာနဲ့ အရက်မူးတာတွေ၊ အသောက်အစားအလွန်အကျွံသောက်လုပ်မိလို့နေမကောင်းသူတွေအပြင် 110 က မမျှော်လင့်ထားတဲ့ ယာဉ်မတော်တဆမှုတွေကြောင့် အရေးပေါ်ဌာနတစ်ခုလုံး အလုပ်ရှုပ်နေပါတယ်။

ညဉ့်နက်ချိန်တွင် အရက်မူးနေသော ယောက်ျား-မိန်းမ စုံတွဲ
ကို အထဲသို့ပို့လာသည်။ ရွှီချင့် စမ်းသပ်ခန်းထဲသို့ ဝင်သွားသောအခါ နှစ်ယောက်သား ကုတင်ဘေးတွင် လဲလျောင်းရင်း စကားပြောနေကြပါတယ်။

ရွှီချင့်က သူနာပြုကိုသွေးပေါင်ချိန်တိုင်းခိုင်းလိုက်တယ်  ကောင်လေးကကောင်မလေးနဲ့ စကားပြောနေပြီး ရွှီချင့် ကိုတွေ့တော့ "နတ်သမီးကျဲကျဲ ကအရမ်းလှတာပဲ"

ကောင်မလေးက ကောင်လေးကို လက်ညှိုးထိုးပြီး ရယ်မောကာ "ငတုံးကောင်.. မူးနေတာပဲ..ငါကမှ နတ်သမီးပဲ၊ ငါကဒီမှာရှိတယ်..!"

ကောင်လေးက "မင်းသာ မူးနေလိုက်.. ငါကခွက်တစ်ထောင်လောက်သောက်ပြီးရင်မမူးဘူးကွ!"

ကောင်မလေး : "ပါးစပ်ပိတ်ထား..!  နင့်ကို နမ်းပြီး ကျောက်တုံးဖြစ်အောင်ပြောင်းပစ်လိုက်မှာနော် ယုံလား..!"

ကောင်လေးက အိပ်ရာကထဖို့ စောင်တွေကို မြှောက်လိုက်ပြီး "လာနမ်း..မနမ်းတဲ့သူကငါ့မြေးပဲ"

သူနာပြုတွေက လူနှစ်ယောက်ကို အိပ်ရာထဲပြန်တွန်းပို့ဖို့ အများကြီး အားထုတ်ခဲ့ရတယ်။

ရွှီချင့်က သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး သူနာပြုဆရာမကို ညွှန်ကြားသည်– "ပုံမှန်တိုင်းပဲစောင့်ကြည့်စစ်ဆေးပြီး ဆေးသွင်းပေးရမယ်"  ရောဂါရှာဖွေရေးစာအုပ်ကိုပိတ်ပြီးနောက် ဘောလ်ပင်ကိုဖယ်ကာ စမ်းသပ်ခန်းမှ ထွက်လာခဲ့သည်။

ရှောင်နန် ကအနီးကပ်လိုက်ပါလာတယ်

ရွှီချင့် : "ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိလား?"

Waiting for you in a city (MM translation)Onde histórias criam vida. Descubra agora