Chapter 23

476 54 1
                                    

ရွှီချင့် မုန့် မိသားစုအိမ်သို့ ပြန်လာချိန်မုန့်ရန့်ချန်၏ကားသည် ဝင်ပေါက်ရှေ့တွင် ရပ်ထားတာကိုတွေ့လိုက်ရသည်။

ရွှီချင့် အိမ်ထဲသို့ဝင်လာတော့ အိမ်တွင်းရှိလေထုသည် ကွဲပြားနေတာကို သတိပြုမိပါတယ်။ မုန့်ရန့်ချန် က ထမင်းစားခန်းထဲမှာ ထိုင်ပြီး ခေါက်ဆွဲစားနေ၍ ဖုဝိန်ရင် က သူ၏ဘေးမှာ ထိုင်နေပါတယ်။ သူမသည် သူ၏သားကိုချစ်သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။

တံခါးဖွင့်သံကြားတော့ မုန့်ရန့်ချန် လှမ်းကြည့်ပါတယ်။ သူ့အကြည့်က ရွှီချင့်တွင်တစ်စက္ကန့်လောက် ရပ်လိုက်ပြီး အကြည့်လွှဲလိုက်၏။

ဖုဝိန်ရင်း စိတ်အခြေအနေကောင်းနေပုံရပြီး သူမကိုပြုံးကာ "ချင့်ချင့် အိမ်ရောက်ပြီလား"

ရွှီချင့် က သူမကို နှုတ်ဆက်သည်။

ဖုဝိန်ရင်း- "သမီးမနက်စာမစားရသေးဘူးမလား? အစ်ကို နဲ့အတူခေါက်ဆွဲစားလိုက်ဦး.. သမီးမေ့သွားမှာကြောက်လို့ အခုပဲသူ့ကိုဖုန်းဆက်ဖို့ပြောနေတာကို ရန့်ချန် က အဲဒါကို လုပ်ဖို့မလိုဘူးပြောနေတယ် ကြည့်ရတာအမေပဲစိုးရိမ်လွန်နေတာပါ"

ရွှီချင့် သည် သူမ၏ ဖိနပ်ကို ချွတ်လိုက်ပြီး ယနေ့သည်မုန့်ရန့်ချန်၏မွေးနေ့ဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားသည်။

သူမမေ့သွားတာပဲ ။

သူမကမတ်တတ်ရပ်နေပြီး မုန့်ရန့်ချန် သည် သူမကို ကြည့်နေတုန်းပဲလို့ ခံစားလိုက်ရပါတယ်။

မောင်နှမတွေလို နှစ်အတော်ကြာအောင် အတူတူနေခဲ့တာကြောင့် သူ့စိတ်ကို ကောင်းကောင်းနားလည်ပါတယ်။ သူကသူမနှင့်တူညီသော စိတ်ဓာတ်ရှိသည်။ မချဲ့ကားလိုပဲချုပ်တည််းထားလျက်၎င်းကိုထုတ်မပြတက်ပါ။

ရွှီချင့် သည် သူမ၏ ဖိနပ်ကိုပြောင်းလိုက်ပြီး မုန့်ယန့်ချန် ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ဖုဝိန်ရင် က မေးတယ် "စားပြီးခဲ့တာလား?"

ပထမတော့ကရွှီချင့်လိမ်ချင်ပေမယ့် မစားနိုင်တော့တာကြောင့် "စားပြီးခဲ့ပြီ.. စွပ်ပြုတ်ပဲသောက်ပါတော့မယ်" လို့ ပြောလိုက်ပါတယ်။

Waiting for you in a city (MM translation)Onde histórias criam vida. Descubra agora