Chapter 24

483 53 3
                                    

မုန့်ရန့်ချန်၏မွေးနေ့ညတွင်မိသားစုပွဲတစ်ခုရှိပါတယ်။

ရင်းနှီးသော ဆွေမျိုးများ ရောက်ရှိလာကြပြီး အသက်ကိုးဆယ့်ငါးနှစ်ရှိသော ဖိုးဖိုးမုန့် လည်း အိမ်သို့ ရောက်ရှိလာသည်။

ဖိုးဖိုးမုန့် သည် ပညာတက်၍သြဇာရှိသော မိသားစုမှမွေးဖွားလာသူဖြစ်ပါတယ်။  သူကတော်လှန်ရေးအတွက်စာပေချစ်မြတ်နိုးမှုကို စွန့်လွှတ်ခဲ့သည်။ တည်ထောင်သူဖခင်တစ်ဦးဖြစ်ပြီ  သူ့ထံတွင် သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိ၏။ မုန့်ဟွိုက်ကျင် သည် အဘိုး၏ မုန့် ၏ အငယ်ဆုံးသားဖြစ်ပါတယ်။  မုန့်ရန့်ချန်သည်လည်း သူ့အတွက်အငယ်ဆုံးမြေးဖြစ်သည်။

သူ့မြေးများအတွင်း အကြီးဆုံးမြေးဖြစ်သူက ဘွဲ့ရပြီး အလုပ်လုပ်နေပြီဖြစ်ပါတယ်။  သူသည် မုန့်ဟွိုက်ကျင် ကဲ့သို့ PLA စစ်ဘက်ဒေသတွင်ဖြစ်သည်။

မိသားစုပွဲအသေးစားမျှသာဖြစ်သော်လည်း စည်ကားပြီး အသက်ဝင်လှတယ်။

မုန့်မိသားစုသည် လက်ဆောင်ယူရသည့် အခွင့်အရေးကို အမြဲရှောင်ရှားသောကြောင့် မိတ်ဆွေများမဖိတ်ခေါ်ထားပါ။

ရှောင့်ရိရှောင်း သာရောက်လာပြီး Star Warsအရုပ်ကို မုန့်ရန့်ချန်ကိုလက်ဆောင်ပေးသည်။  သူက ရွှီချင့် အတွက်လည်း lollipop တစ်ခု ယူလာပေးပါတယ်။

မုန့်ယန့်ချန် ၏ အကြီးဆုံးတူဖြစ်သူက သူ့ကို လှောင်ပြောင်ပြီး "ကောကဘာလို့နှစ်တိုင်းအမြဲရောက်လာရတာလဲ?"

ရှောင့်ရိရှောင် က "အိမ်ရှေ့တံခါးမှာ ကင်းစောင့်တာဝန်ထမ်းဆောင်နေလို့ပါကွာ__"

လူတွေအများကြီးရှိတာကြောင့် ရွှီချင့် နဲ့ မုန့်ရန်ချန် ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲထားမနေပါဘူး။

ညစာစားပြီးသည်နှင့် အမျိုးသားများသည် အလုပ်အကြောင်းပြောရန် စုဝေးကြပြီး၊ အမျိုးသမီးများသည် မိသားစု၏နေ့စဉ်ဘဝအကြောင်းကို ပြောဆိုရန် စုရုံးကြသည်။

ရွှီချင့် ဆွေမျိုးများနှင့် ခဏတာ ထိုင်လိုက်ပါတယ်။  ထို့နောက် ပြီးသွားသောအခါတွင် သူမသည်အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားသည်။  သူမ၏သစ်သားကိုယူ၍ ထွင်းထုနေလိုက်၏။

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora