Chapter 17

528 48 1
                                    

အကြာကြီးနေမှရသည့်အနားယူရက်အချိန်အတွင် ရွှီချင့် သည်အအေးမိသွားခဲ့သည်။  အေးသောရာသီဥတုကြောင့်လား သို့မဟုတ် ပြင်းထန်သောအလုပ်များလုပ်ပြီးနောက်စိတ်စွမ်းအားနည်းပါးခြင်းကြောင့်ခုခံအားကျဆင်းမှုကိုဖြစ်စေတာလားကို ရှင်းရှင်းလင်းလင်းမသိရပါ။

ရွှီချင့်က ဆေးထိုးခြင်း ဆေးသောက်ခြင်းများကို လုံးဝမလုပ်လို၊ ဝေဒနာအနည်းငယ်ခံစားရပြီးရင်အအေးမိခြင်းကပြန်လည်ကောင်းမွန်လာပြီးတော့ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်ဟုသာဆိုသည်။  သူမ နှစ်ရက်သုံးရက်လောက် ကောင်းကောင်းအနားယူချင်သည်၊ အိပ်ရာမထ၊ ဘာမှတွေးတောမနေဘဲ အိပ်ရေးဝဝသာအိပ်ချင်ခဲ့ပါတယ်။

ဖုဝိန်ရင် က သူမကိုယ့်ကိုကိုယ်ခက်ခဲအောင်လုပ်နေတယ်ဟုဆိုကာ မိသားစုဆရာဝန်ကို IV ထိုးဖို့ တောင်းဆိုခဲ့တယ်။

ရွှီချင့်မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားခဲ့သည် ။  သူမနိုးလာသောအခါမှာမှောင်နေ၍၊ အခန်းမီးမှိန်မှိန်နှင့် ဆိုဖာဘေးတွင် ကြမ်းပြင်မီးတစ်လုံးသာရှိသည်။

မုန့်ရန့်ချန် က ဆိုဖာပေါ်တွင်စာအုပ်ထိုင်ဖတ်နေပြီး ရှောင့်ရိရှောင် က သူ့နံဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။

ရွှီချင့် မုန့်ရန့်ချန် ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို အကြာကြီး တိတ်တဆိတ် ကြည့်နေရင်း၊ မုန့်ရန့်ချန် က မျက်ခွံကို ပင့်တင်လိုက်သောအခါ ရွှီချင့် ၏ အကြည့်နှင့်ဆုံတွေ့လိုက်ရပါတယ်။

"နိုးပြီလား?"

"အင်း"

"အခု ပိုကောင်းလာပြီလား?"

"ကောင်းလာပြီ"

မုန့်ရန့်ချန် က ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ပြီး "နှာခေါင်းပိတ်တာက အရမ်းပြင်းထန်နေတုန်းပဲလား.."

ရွှီချင့်က IV ကို တစ်ချက်ကြည့်လိုက်တယ် "ဒီလိုဆေးထိုးထားလိုက်ရင် မနက်ဖြန်ကျအဆင်ပြေမှာပါ.."

မုန့်ရန့်ချန် သည် သူမ၏လက်များကို စောင်အပြင်ဘက်တွင် ဖြန့်ထားသည်ကို မြင်လိုက်ရသောအခါ သူမအား ကိုင်ပေးထားချင်သော်လည်းမလုပ်ခဲ့။

Waiting for you in a city (MM translation)Where stories live. Discover now