Chapter 16

487 47 2
                                    

မီးသတ်အရာရှိ အများအပြားဆေးရုံရောက်ရှိလာကြပြီးတော့ ကူးစက်ရောဂါဌာနသို့ မှတ်ပုံတင်၍ အရေးပေါ်ဆေးဝါးစစ်ဆေးရန်သွားရောက်ကြသည်။  ခြောက်ပတ်အကြာ ရလဒ်ထွက်သည့်ကာလ မကျော်လွန်မချင်း သီးခြားအခြေအနေများကိုဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ပါ။

တစ်ချို့သည် ၎င်းတို့၏ခန္ဓာကိုယ်တွင် အရေပြားဒဏ်ရာများမရှိသဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိခြင်းမှ ကင်းရှင်းသည်။  တစ်ချို့သည် ၎င်းတို့၏လက်တွင် ပွန်းပဲ့ခြင်း သို့မဟုတ် ချွန်ထက်တာတခုခုနှင့်ခိုက်မိခံခဲ့ရ၏။  အထူးသဖြင့် သူ့လက်ဖမိုးပေါ်မှာ ပြတ်ရှဒဏ်ရာရခဲ့တဲ့ ကျန်းရိကကျူးလွန်သူကို ကယ်ထုတ်ဖို့ ကူညီပေးခဲ့ပါတယ်။

ဒဏ်ရာရသူထံတွင် AIDSကဲ့သို့ကူးစက်ရောဂါ ရှိနေလိမ့်မယ်လို့ မည်သူမျှမထင်ခဲ့ကြပါ။

ယခုလိုအခြေအနေကြောင့် အဖွဲ့သားအားလုံးမှာ စိတ်ဓာတ်အနည်းငယ်ကျသွားကြသည် ။  စိတ်ဆင်းရဲပြီး စိတ်ဓာတ်ကျတဲ့ အငွေ့အသက်က လူတိုင်းကို လွှမ်းခြုံထားပါတယ်။

ယောက်ျားလေးတစ်စုမှာ ဆေးရုံစင်္ကြံရှိ ကုလားထိုင်များပေါ်တွင် ငုတ်တုတ်ထိုင်လျက် ခြေထောက်များပက်လန်ရင်း ခေါင်းကို နံရံကို မှီကာ ကောင်းကင်ကို မော့ကြည့်နေကြသည်။

စုန့်ယန့် က လမ်းလျှောက်လာရင်း တစ်ယောက်ချင်းစီရဲ့ ခေါင်းကို အလှည့်ကျ ပွတ်သပ်လိုက်ပြီးတော့အားပေးသည် "ဘာမှမဖြစ်ဘူး"

ကျန်းရိကအဆုံးတွင်ထိုင်နေလျက်ရှိကာ စုန့်ယန့် သူ့ဆီသို့လျှောက်သွားကာ နံရံကိုမှီနေသည့်ပခုံးကို လက်ဖြင့်ပုတ်ပြီး "အတိအကျမသိရသေးဘူးကွာ.. မကူးစက်နိုင်တာလည်းဖြစ်နိုင်ပါတယ်"

လီမုန့်ကလည်း "အရမ်းစိတ်ဖိစီးမနေပါနဲ့... ခြောက်ပတ်ကြာရင် လူတိုင်းစစ်ဆေးပြီးသွားရင် အားလုံးအဆင်ပြေသွားမှာပါ"

ဒီလို နှစ်သိမ့်မှုမျိုးက အားနည်းပါတယ်။

ယန်းချီက ဒေါသတကြီးနဲ့ငြီးတွားသည် "ငါကအဆင်ပြေတယ် ဒါပေမယ့် ကျန်းရိ—သူကူးစက်သွားရင် ဘယ်လိုလုပ်မလဲ...ဒီရောဂါက ကုလို့မရဘူး"

Waiting for you in a city (MM translation)Where stories live. Discover now