Chapter 19

488 54 1
                                    

စုန့်ယန့်ကို သူ၏အဖွဲ့သားများက အမြန်ဆွဲတင်ခဲ့ကြသည်။  သူ၏ကိုယ်က ပြာမှုန့်များ ချွေးများဖြင့် ဖုံးလွှမ်းနေလျက် ကလေးအား ပွေ့ဖက်ကာ "ရွှီချင့်!"

ရွှီချင့် သည် အောက်ထပ်သို့ အပြေးအလွှားဆင်းလာခဲ့ပြီး "ကလေးကိုပေးပါ"

စုန့်ယန့် က သတိလစ်နေသောကလေးကို ရွှီချင့် အား ပေးပြီးနောက် စောကျွင့် ထံမှ ရေသန့်ဘူးကို ယူကာ ရေအနည်းငယ်ကိုပါးစပ်ထဲထည့်လိုက်သည်။

ရွှီချင် သည် ကလေးအား အလျင်အမြန် စစ်ဆေးခဲ့ရာတွင် ၎င်းကအသက်ရှူလမ်းကြောင်းပိတ်မသွားပဲ အားဖျော့စွာအသက်ရှုနေသေးကာ မီးခိုးဒဏ်မှလွတ်သွားကြောင်း ကောက်ချက်ချခဲ့၏။  သူမက ကလေးအင်္ကျီကို ဖြည်လိုက်ပြီး မျက်နှာသုတ်ပုဝါစိုစိုဖြင့် ပါးပြင်နှင့် ရင်ဘတ်တို့ကို သုတ်ပြီးနောက် ကလေးကို အမြန်သယ်ကာထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်ပါတယ်။  တံခါးနားရောက်တော့ သူမက လှည့်၍ "ဓာတ်လှေကား အလုပ်လုပ်သေးလား" ဟု မေးသည်။

စောကျွင့် က "အဲဒါလုံခြုံပါတယ်"

"ကောင်းပြီ" ရွှီချင့် ကလေးကို ချီကာ အောက်ထပ်သို့ ဆင်းသွားလိုက်တယ်။

အရေးပေါ်လူနာတင်ယာဉ်သည် အောက်ထပ်တွင် ရပ်နားထားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူအခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ရွှီချင့် က ကလေးငယ်အား လုပ်ဖော်ကိုင်ဖက်တစ်ဦးထံ ပေးအပ်ခဲ့ပြီးနောက်တွင် လူနာတင်ယာဉ်သည် အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ခွါသွားခဲ့ပါတယ်။

ရွှီချင့် သူမ၏အိမ်သို့ ပြန်ရောက်သောအခါ မီးသတ်သမားများသည် တယောက်ပြီးတယောက်ထွက်လာခဲ့ကြပြီး အချို့မှာမြေပြင်ပေါ်တွင်  ရေပိုက်များကိုကြိုးနှင့်ရစ်ပြီး လှိမ့်နေကြသည်။

ယန်းချီ က သူမအနားကိုဖြတ်သွားတော့ပြုံးလျက်"ကျေးဇူးတင်ပါတယ် ကျဲ"

ရွှီချင့် က "အားလုံးအဆင်ပြေရဲ့လား?"

ယန်းချီ: "မီးကတော့ ငြိမ်းသွားပါပြီ၊ အောက်ထပ်တံခါးကအခုမှပွင့်သွားတာ အခုတော့အောက်ထပ်ဆင်းပြီး အားလုံးကိုပြန်စစ်ဆေးကြမလို့"

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora