Chapter 35

661 67 0
                                    

စုန့်ယန့်ကို သယ်သွားသော ကားက သူမ၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည် ။ ရှီချင့် ထိုနေရာတွင် ခဏနေ၍ မျက်ရည်များကို သုတ်ကာ အရေးပေါ်ဌာနဆီသို့ အပြေးပြန်၏။

ညသည် အလွန်အေးချမ်းပြီး အေးစက်လွန်းသည်။

အေးလွန်းလို့ သူမတစ်ကိုယ်လုံး အေးခဲသွားသလိုခံစားလိုက်ရပါတယ်။ သူမသည် ဆက်လက်တုန်ခါနေပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပြနိုင်ပေ။ သူ့နှလုံးသားက အေးစက်နေပြီး ဘာမှ မခံစားနိုင်ခဲ့။

သူမတွင် ဝမ်းနည်းမှု သို့မဟုတ် နာကျင်ခံစားရမှုမျိုးမရှိပါ။ သူမအတွက် ဝမ်းနည်းစရာ ကံကြမ္မာရှိသောကမ္ဘာတွင်အသက်ရှင်သန်နေသကဲ့သို့ ခံစားရသည်။ နေ့တိုင်း သူတို့ချစ်ရတဲ့ ဆွေမျိုးတွေ ဆုံးရှုံးရတာမျိုး ရှိတတ်သလို တစ်စုံတစ်ယောက် ဆုံးရှုံးသွားတာကို နေ့တိုင်း စောင့်ကြည့်နေသူတွေဖြစ်တတ်တယ်။

ငိုစရာမရှိပေမယ့် သူမမျက်ရည်တွေက အလိုလိုကျလာသည်။

အားလုံးအသုံးမဝင်ပါဘူး...

ဒါပေမယ့် လူဆိတ်ငြိမ်တဲ့လမ်းကို ဖြတ်သွားတဲ့အခါ လေတိုက်သံကို သူမကြားလိုက်ရသည်။ ဝမ်းနည်းကြေကွဲစွာခေါ်ဆိုသံကဲ့သို့သူမကြားရတယ် ကြည့်ရတာ ကောင်းကင်ဘုံက သူမကို သနားနေပုံရတယ်။

ဘာလက္ခဏာမှမပြဘဲ ရုတ်တရက် သူမကဒူးထောက်ပြီးညည်းတွားကာ ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

ဘာကိုမှမဖုံးကွယ်ချင်တော့ဘူး၊ မချုပ်တည်းချင်တော့ဘူး။ သူမ အရမ်းကြောက်တယ် အရမ်းထိတ်လန့်နေပါတယ်။ ထပ်ပြီး မရှောင်ဖယ်ချင်သလို မဖုံးကွယ်ချင်တော့ပါ ။ သူမဒီမှာရှိတယ်ဆိုတာ ဘယ်သူမှမသိသလို သူမရဲ့ ကြေကွဲဝမ်းနည်းငိုကြွေးသံကိုလည်း ဘယ်သူမှမကြားနိုင်ကြပါဘူး။

သူမနှင့်အတူမြောက်လေပဲရှိသည်။

..........

.........

ရှီချင့် အရေးပေါ်ဌာနကို ပြန်ရောက်တော့ သူမရဲ့ မျက်ရည်တွေက ခြောက်သွေ့သွားခဲ့တယ်။

စုန့်ယန့် ကို ခွဲစိတ်ခန်းထဲကိုပို့လိုက်ပါပြီ။

ရွှီချင့် နံရံတွင်မှီ၍ သူမမျက်နှာကဖြူဖျော့နေသည်။ သူမတွင်အမူအယာမရှိပါ။ ဝမ်းနည်းမှုကို ထုတ်ဖော်ပြီးနောက်မှာ သူမ၏ စိတ်သည် လွှင့်သွားသည်။ သူမမှာ ခံစားချက်မရှိဘူး၊ သူမအခုခံစားရတဲ့ တခုတည်းသောအကြမ်းတမ်းဆုံးခံစားချက်က— ပင်ပန်းတယ်၊ သူမပင်ပန်းလွန်းနေတယ်။

Waiting for you in a city (MM translation)Opowieści tętniące życiem. Odkryj je teraz