Chapter 36

699 57 1
                                    

ဒီကိစ္စတွေမလွန်ခင်မှာ စုန့်ယန့် က အချိန်မီပြောလာတယ်။  "ဒါကဒေါက်တာရွှီ"

လုကျဲ က ချက်ချင်းရပ်လိုက်ပြီး စိတ်တည်ငြိမ်သွားတော့မှ ရိုင်းရိုင်းစိုင်းစိုင်းဖြစ်နေမှန်း သိလိုက်သည် ။

လုကျဲ က သူ့ကိုယ်သူ ဘယ်လို ကယ်တင်ရမလဲ စဉ်းစားနေတယ်။ ထိုအချိန် တစ်စုံတစ်ယောက်ကခေါ်၏ "ဒေါက်တာရွှီ"

ရွှီချင့် က "ငါအရင်သွားလိုက်ဦးမယ်"  ထို့နောက် သူမသည် စုန့်ယန့် ကို တစ်ချက်ကြည့်လိုက်ပြီး "ကောင်းကောင်းအနားယူ၊  စကားအများကြီး မပြောနဲ့"

စုန့်ယန့် : "......"

လုကျဲ: "......"

ရွှီချင့် ထွက်သွားသည် ။ လုကျဲ က သူ့နှာခေါင်းကို ကုတ်လိုက်ပြီး "ငါအရမ်းစိတ်လှုပ်ရှားသွားလို့"

စုန့်ယန့် က အတိတ်ကို ကျောခိုင်းပြီး "မင်းတို့၊ မတွေ့ရတာအချိန်တော်တော်ကြာနေပြီ" လို့ပြောလိုက်တယ်။

လုကျဲ ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးများ စိုစွတ်လာသည်။  သူကဤသို့ဆိုသည်– "မင်းသေပြီထင်ခဲ့တာ၊  ငါတို့ဒီမှာတွေ့ကြမယ်လို့မထင်ထားဘူးကွာ  အဲဒီနှစ်က......"  သူပြောပြီး ရပ်သွားတယ်။  ကြားရမကောင်းပြီး နားလည်ရခက်သောအတိတ်၊ ဒီအကြောင်းကို ပြောသင့်သလား၊ မပြောသင့်ဘူးလားဆိုတာ သူမသိတော့ဘူး။

"မင်း--"

သူက စုန့်ယန့် ကို စစ်ဆေးပြီး စကားဝိုင်းရဲ့ ခေါင်းစဉ်ကို ပြောင်းလိုက်တယ်။  "ဘယ်လိုဖြစ်တာလဲ?  သဘာဝဘေးဒုက္ခသည်တွေကိုကူညီဖို့ ဒီနေရာမှာရှိနေခဲ့တာလား၊ ဒဏ်ရာရောပြင်းလား?"

စုန့်ယန့် သည် သူ့ထက် ပို၍ တည်ငြိမ်အေးဆေးသည်။  သူက ပြုံးပြီးဖြေတယ် "ငလျင်လှုပ်တော့အဆောက်အဦးပိသွားတာ"

"စိုးရိမ်ရလား?

" မစိုးရိမ်ရဘူး ငါမသေပါဘူးကွာ"

လုကျဲ က ခေါင်းညိတ်ပြီး"မင်းက ဘယ်အဖွဲ့ကလဲ"

"မီးသတ်အဖွဲ့"  စုန့်ယန့် ကပြောပါတယ်။

လုကျဲ အံ့သြသွားပြီး နှစ်စက္ကန့်ကြာအောင် တုံ့ဆိုင်းသွားသည်။  "အဲဒီနှစ်တုန်းက —" သူကစုန့်ယန့် ရဲ့အမူအရာကိုကြည့်လိုက်၏။

Waiting for you in a city (MM translation)Where stories live. Discover now