Chapter 14

500 54 2
                                    

ရွှီချင့်၏ ခန္ဓာကိုယ်ကထိန်းမရတော့ဘဲ ချွန်ထက်သော အပ်နှင့် ထိတွေ့တော့မည်ပင်။  ရုတ်​တရက်​ လက်​ကြီးတစ်​ခုက သူမကို​နောက်​က​နေ ဆွဲကိုင်​လိုက်​ပြီး ​အနောက်ကိုပြန်ဆွဲလိုက်ပါတယ်။

သူမ၏နှလုံးသည် လျင်မြန်စွာ ခုန်တက်လာပြီး စက္ကန့်ဝက်အတွင်းပြုတ်ကျသွားတော့မလိုပင်။

ဘေးနားရှိ ရှောင်သုန့်ကလူနာ၏မိသားစုထံမှတွန်းထုတ်ခံရပြီးနောက် ပိုင်ရှင်မဲ့နေသည့် ဆေးထိုးအပ်ဘက်သို့ကျရောက်သွားခဲ့သည်။  ရှောင်သုန့် ရဲ့လက်ကကုတင်အစွန်းသို့ထိုးကျသွားပြီး ထိုးထွက်နေတဲ့အပ်တစ်ချောင်းကို ဆုပ်ကိုင်လိုက်မိပါတယ်။

ရှောင်သုန့် နာကျင်စွာအော်လိုက်ကာ သူမ၏လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်တဲ့အခါမှာသူမ၏လက်ချောင်းထိပ်များမှ သွေးတွေတစ်စက်ပြီးတစ်စက်ထွက်လာခဲ့သည်။

ဒါကိုမြင်တော့ မိသားစုဝင်တွေ အားလုံးနောက်ဆုတ်သွားကြပါတယ်။

ရွေ့လျားနေတဲ့ဆေးရုံကုတင်ကို တာဝန်ကျဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကသယ်ထုတ်သွားခဲ့ပြီး ရွှီချင့်ကတာဝန်ကျသူနာပြုကိုဆွဲကာ "ပြီးရင် ကျွန်မကိုဒီလူနာရဲ့ သွေးစစ်ဆေးချက်ရလဒ်မိတ္တူယူလာပေးပါ" လို့ ညွှန်ကြားခဲ့ပါတယ်။

သူမပြောပြီးသည်နှင့် လက်ချောင်းများကိုကြောင်စွာကြည့်ပြီးရပ်နေသည့် ရှောင်သုန့်ကို ပြန်ကြည့်မိသည်။ ရွှီချင့်က သူ့ကို ဘေးသို့ အမြန်ဆွဲခေါ်လိုက်ပြီး "မြန်မြန် ဒဏ်ရာကိုသန့်ရှင်းပြီးတော့ ကူးစက်ရောဂါဌာနကိုသွားပြီးစောင့်ကြည့်ခန်းထဲမှာသတင်းစောင့်နေလိုက်"

မိသားစုဝင်တွေက ရှောင်သုန့်ကို အပြင်းအထန် တောင်းပန်ခဲ့ကြပါတယ်။  ရှောင်သုန့် ၏ မျက်နှာနှစ်ကြိမ်လောက်တုန်လှုပ်သွားပြီး အဆင်ပြေသည်ဟု ပြောချင်သော်လည်း သူမ ကြောက်လန့်နေတယ် မှားယွင်စွာခံရတယ်ဟုခံစားရပြီးဒေါသထွက်ကာ ဘာမှ မပြောနိုင်ဘဲ နီရဲနေသောမျက်လုံးများဖြင့်သာထွက်ခွာသွားခဲ့သည်။

ထိုအရေးပေါ် အဖြစ်အပျက်ကပြီးသွားခဲ့ပြီ။ ရွှီချင့်က နောက်ပြန်လှည့်ကြည့်လိုက်တော့ အဝေးကလူအုပ်ကြားထဲက စုန့်ယန့်ရဲ့မျက်လုံးတွေကို တွေ့လိုက်ရပါတယ်။ ခုနကသူသည်သူမကို ဆွဲထားပေးခဲ့၏။

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora