Chapter 32

597 57 6
                                    

မီးခိုးငွေ့တွေက ဆေးရုံအတွင်းပျောက်ကွယ်သွားကာ ရေများက မြေပြင်ပေါ်မှာ ပြန့်ကျဲနေလျက်ရှိသည်။  ထိုနေရာတွင်ဘယ်သူမှမရှိတော့ပါဘူး။

မီးသတ်လေ့ကျင့်မှု ပြီးသွားတော့ မီးသတ်သမားတွေ အားလုံးစုဝေးကာဆုတ်ခွါသွားကြပြီ။  လူနာခန်းထဲမှာဘယ်သူမှမရှိဘူး။  စင်္ကြံ များတွင်လည်းဆရာဝန်မရှိ။  သူနာပြုကောင်တာတွင်လည်း သူနာပြုများရှိမနေပါဘူး။

ဒီလိုအေးချမ်းတဲ့မြင်ကွင်းက မြင်ရတာနည်းနည်းတော့ ထူးဆန်းတယ်။

ရွှီချင့် က အမြန်ဆင်းရန် လှေကားကနေသွားလိုက်သည်။ သူမအဆောက်အဦးမှ ထွက်သွားသည့်အချိန်၌ လူတိုင်းသည် လမ်းမပေါ်တွင် ကြောက်လန့်တကြား ရှိနေကြသည်ကို မြင်လိုက်ရတယ်။ စုန့်ယန့် နဲ့ အဖွဲ့ကတော့ မီးသတ်ကားပေါ်တက်ပြီး ထွက်ကြပြီဖြစ်သည်။

လူအုပ်ထဲတွင် ရှောင်းရှီ နှင့် ရှောင်ပေ က ရွှီချင့် ကို ကိုင်ထားပြီး အခြားဘက်သို့သွားကာ "ဒေါက်တာရွှီ၊ ဘေးကင်းအောင်အဲဒီဘက်သွားရအောင်။"

"ငလျင်လှုပ်တုန်းက အရမ်းကြောက်သွားသေးလား"  ရှောင်နန် သည် အချက်ပေးသံဖြင့်ပြောသည်။

သို့သော် ရွှီချင့် သည် ငလျင်လှုပ်စဉ်တုန်းက စုန့်ယန့်နဲ့ သူမအကြောင်းကိုတွေ့မိလိုက်တယ်။

သူမသည် အခြားသူများနှင့် မတူသော အတွေ့အကြုံရှိကြောင်း သူမခံစားရသည်။

အမိုးမရှိသောမြေပြင်သို့ ရောက်သောအခါ ဤကိစ္စသည် ပြင်ထန်ကြောင်း သတိပြုမိပါတယ်။

လမ်းပေါ်မှာ ကားတွေအပြည့်၊ လူတွေလည်းပြည့်နေတယ်။  ဆေးရုံအနီးတဝိုက်ရှိ အဆောက်အအုံများတွင်လည်း ၎င်းတို့၏ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။  လူတိုင်းက အရမ်းထိတ်လန့်နေပုံရပါတယ်။  ထို့နောက်တစ်ယောက်ကိုတစ်ယောက် မေးပြီး နှစ်သိမ့်ပေးကြ၏– "ခုနက ဘယ်လိုဖြစ်တာလဲ၊ ကြောက်စရာကောင်းလွန်းတယ်!"

"ငါတို့ရုံးခန်းက အထပ် 20 မှာရှိတာ၊ အရမ်းတုန်လှုပ်စရာကောင်းလွန်းတယ်"

Waiting for you in a city (MM translation)Où les histoires vivent. Découvrez maintenant