Chapter 6

581 55 2
                                    

စုန့်ယန့်က ထိုလူ၏လက်ကောက်ဝတ်ကို အင်အားအများကြီးမသုံးပဲလက်တစ်ဖက်တည်းဖြင့်ချုပ်ထားခဲ့တာကြောင့် ပြိုင်ဘက်ကမလှုပ်ရှားနိုင်ခဲ့ပေ။

စုန့်ယန့်က "မိန်းကလေးတယောက်ကို ရိုက်ဖို့လုပ်တယ်ပေါ့...ဒီရွံစရာကောင်းတဲ့သောက်ကျင့်ကို ဘယ်ကနေသင်ခဲ့တာလဲ.."

"မင်းငါ့ကိုလွှတ်​!  မဟုတ်ရင် ငါ-" ထိုလူကစကားကိုအထစ်အထစ်

စုန့်ယန့်က "မဟုတ်ရင်..?"

ထိုလူသည် ရွှီချင့်ကိုလွှတ်လိုက်ပြီး စုန့်ယန့် ကို အခြားလက်ဖြင့် တိုက်ခိုက်လာပါတယ်။ စုန့်ယန့် က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဘက်နဲ့တွန်းထုတ်လိုက်တော့ ဝေးကိုလွှင့်ပြီးနံရံကိုဆောင့်သွားစေ၏။

ထိုလူ့ရဲ့အမျိုးသမီးက စုန့်ယန့် ကို လက်ညှိုးထိုး၍ "နင်တို့ဆေးရုံကလူတွေက လူနာမိသားစုကိုရိုက်တယ်ပေါ့!"

စုန့်ယန့်ကလျစ်လျူရှုကာ ရွှီချင့် က သူ့နောက်မှာ ရပ်နေသေးတာကို မြင်လိုက်ရတော့ သူကတံခါးကိုမေးစေ့နဲ့ အမြန်ညွှန်ပြရင်း စိတ်မရှည်စွာဖြင့် "မင်းလူကယ်ဖို့ အပြင်မထွက်ပဲ ဒီမှာဒရာမာထိုင်ကြည့်နေမှာလား?"

ရှီချင့်အလျင်အမြန်ပြေးထွက်သွားကာ စုန့်ယန့်၏ အောရှရှ ဖြင့် ကြမ်းကြမ်းတမ်းတမ်းပြောသံကို ဝိုးတဝါးကြားလိုက်သည်"ငါဒီဆေးရုံကမဟုတ်ဘူး.. ငါ့ရဲ့ညီအစ်ကိုကဒဏ်ရာရနေတာ ဘယ်သောက်ကျိုးနည်းကောင်က ဒီမှာလာဒုက္ခပေးပြီးကုသမှုကိုနှောင့်နှေးအောင်လုပ်ရဲလဲ..ဟမ်! ခြေထောက်တွေရိုက်ချိုးပစ်မယ်။"

ဤသည်မှာ လောက၏လမ်းစဉ်ဖြစ်၏၊ အားနည်းသူများကိုအနိုင်ကျင့်ပြီး အားကြီးသူများကိုကြောက်ရွံ့ကာ မာနကြီးသူများကို ပို၍ပင်မာနကြီးစွာ ဆက်ဆံရမည်ဟု ရွှီချင့်တွေးခဲ့သည်။

......

ဒဏ်ရာရ မီးသတ်သမားက ထုန်မင် လို့ အမည်ရပြီး လိုက်ပါလာတဲ့ သူကတော့ ရှောင်ကောလို့ခေါ်ပါတယ်။

ရှီချင့် က ထုန်မင်း ၏လက်ကောက်ဝတ်အင်္ကျီစများကို ဖြတ်တောက်ပြီး သူ့အတွက် အခြေခံ သန့်ရှင်းရေး လုပ်သည်။ ထုန်မင်း သည် အလွန်နာကျင်ခြင်းကြောင့် ချွေးများအေးစက်နေကာ သူ၏အနက်ရောင်ပြာမှုန်မျက်နှာကလျှိုတွင်းမှ ရေကဲ့သို့ ချွေးများစီးကျလာသည်။

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora