Chapter 26

518 52 5
                                    

[nora's note: မဖတ်ခင်တစ်ရှူးဆောင်ကြပါ🥺]

ကျန်ရှောင်ယောင် က စုန့်ယန့် ရဲ့ဖုန်းနံပါတ်ကို သူမဖုန်းထဲမှာမှတ်ထားလိုက်တယ်။

ရွှီချင့်သည် သူမထိုနံပါတ်ကိုခေါ်ဆိုနေခဲ့တာကိုကြည့်နေ၏။

ရုံးခန်းက အတော်လေးတိတ်ဆိတ်တာကြောင့် သူမတဖက်ကအသံကိုအနည်းငယ်ကြားနိုင်ပါတယ်။

စုန့်ယန် က "ဟယ်လို?"

ကျန်ရှောင်ယောင် သည် သူမ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ "နောက်ဆုံးတော့ ရှင့်ကိုကျွန်မရှာတွေ့ခဲ့ပြီ..ဟိုင်း!"

စုန့်ယန့်: "ဘယ်သူလဲ?"

ကျန်ရှောင်ယောင် က "လွန်ခဲ့တဲ့လက ရှင်ကျွန်မကို ကယ်ပေးခဲ့တယ်လေ၊ ကျွန်မက စစ်ရှီတိကုန်တိုက်၊ လက်မှုပညာစတူဒီယိုမှာ ပိတ်မိနေတဲ့မိန်းကလေးပါ ရှင်မှတ်မိလား"

ထို့နောက် စုန့်ယန့် က "မမှတ်မိဘူး" ဟုဆိုတယ်။

ရွှီချင့် သည် ဆေးမှတ်တမ်းကို ကြည့်ဟန်ဆောင်သည်။

"ရှင်မမှတ်မိလည်းအဆင်ပြေပါတယ်.. ကျွန်မတို့ပြန်ဆုံတဲ့အခါရှင်ကျွန်မကိုပြန်မှတ်မိနိုင်လောက်မှာပါ" ကျန်ရှောင်ယောင် က စိတ်ဓာတ်မကျပါဘူး။ သူမသည် ဖော်ရွေစွာပြောသည်- "ကျွန်မရှင့်ကို ကျေးဇူးတင်မှုအထိန်အမှတ်အဖြစ်တခုခုလိုက်ကျွေးပါရစေ "

"မလိုအပ်ဘူး"

ထို့နောက် အမြန်ဖုန်းချလိုက်သည် ။

ဒါက ရှီချင့် မျှော်လင့်သလိုပါပဲ။

"အာ--"

ရွှီချင့် ၏ စိတ်အခြေအနေသည်လည်တစ်နည်းနည်းဖြင့် ပြန်ကောင်းလာခဲ့သည်။

သူမ အလုပ်ကပြန်တော့ ရှောင်နန် က သူမအနားမှာ ဖြတ်သွားတယ်။ ရွှီချင့် ပြုံးနေတာကိုသူမကတွေ့လိုက်ရသည်။ ရွှီချင့် က ပျော်နေပုံရပါတယ်။ ရှောင်နန် သည် သူမ၏ ခေါင်းကို ခါလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှောင်သုန့် ၏ ကျန်းမာရေးစစ်ဆေးမှု ထွက်လာခဲ့ပါတယ်။ သူမသည် HIV ပိုးမကူးစက်ခံရပါ။

Waiting for you in a city (MM translation)Donde viven las historias. Descúbrelo ahora