Chapter 29

570 51 5
                                    

ကြမ်းပြင်မှမျက်နှာကြက် ပြတင်းပေါက် အပြင်ဘက်တွင် မီးခိုးမြူများ ထူထပ်နေပြီး ကောင်းကင်ယံတွင်ဘာမှမရှိ၊  ဧည့်ခန်းသည် တိတ်ဆိတ်နေလျကိ မီးဖိုပေါ်မှ ယာဂုအိုးသည်သာပွက်ပွက်ဆူနေသည်။

   ရွှီချင့် သည် ကောင်တာတွင် မှီလျက် ခေါင်းငုံ့ကာ မျက်ရည်များတိတ်တဆိတ်ကျနေခဲ့ပါတယ် သူမကဲ့သို့ငြိမ်သက်တိတ်ဆိတ်နေ၏။

     အချိန်တွေကုန်သွားသည့်တိုင် စကားသံကထွက်မလာခဲ့ပါ။

    ပွက်လာသော ယာဂုစွပ်ပြုတ်သည် အိုးအဖုံးကို ပေါ့ပါးစွာတွန်းကန်လာပြီး အချိန်ကျပြီဟု သူမကိုပြောနေသကဲ့သို့ပင်။  သူမသည် ရွှံ့ရုပ်တုကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။

     ရာစုနှစ်တစ်ခုလို ငြိမ်သက်နေတယ်။

    ယာဂုနှင့် အရည်များသည် အဖုံးကို ထပ်ခါထပ်ခါ မြှောက်လိုက်သည်၊ ရုတ်တရက် ပြည့်လျှံလာကာ မီးဖိုပေါ် ရွှဲလာပါတယ်။

    စုန့်ယန့် က နောက်ဆုံးတွင် ရှေ့သို့ တိုးကာgasကို ပိတ်လိုက်သည်။

     ပွက်ပွက်ဆူနေသော ယာဂုသည် ချက်ခြင်းငြိမ်သက်သွားပြီး အိုးထဲတွင် အကြိမ်အနည်းငယ်လှိမ့်ကာ အမြန်ငြိမ်သက်သွားပါတယ်။

     အငွေ့များက စုန့်ယန့်၏ မျက်လုံးများကို ကူးစက်သွားသည်။

     သူကဘာမှပြန်မပြောဘဲလှည့်ထွက်ကာ နှုတ်ဆက်ခြင်းမရှိထွက်ခွါသွားခဲ့တယ်။

     သူဖြတ်သွားသည့်အခိုက်တွင်၊ရွှီချင့် ၏မျက်လုံးများသည် စိုစွတ်လာကာရုတ်တရက် မှုန်ဝါးလာပြီး သူ၏ဘောင်းဘီအနားသည် သူမရဲ့ကြည်လင်သောရေကဲ့သို့မှိတ်တုတ်မှိတ်တုတ်မြင်ကွင်းအတွင် ဖြတ်သွားခဲ့သည်။

     နောက်ထပ်မျက်ရည်များကျလာပြီး သူမအေးခဲနစ်မြုပ်နေကာ ထိုနေရာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားချင်သော်လည်း လုံးဝလှုပ်ရှားမှုမရှိပေ။ သူကတံခါးဝကိုသွားလျက်၊ ဖိနပ်ပြောင်းပြီး အပြင်ထွက်၍တံခါးကိုပိတ်လိုက်သည် ။

     တိတ်ဆိတ်မှု...

     အခန်းသည် တိတ်ဆိတ်လွန်းသဖြင့် သူမ၏ တုန်ယင်နေသော အသက်ရှုသံများသာ ကျန်ရှိပါတော့တယ်။

Waiting for you in a city (MM translation)Where stories live. Discover now