ယာဉ်ထိန်းရဲများနှင့် အရပ်ဘက်ရဲများက အခင်းဖြစ်ပွားရာနေရာသို့ ပိတ်ဆို့ထားလိုက်ပြီး လူအများအပြားကအပြင်ဘက်တွင် ဝိုင်းကာကြည့်ရှုကြရင်းအချင်းချင်းဆွေးနွေးနေကြပါတယ်။
ရဲသားတစ်ဦးက ရွှီချင့် အား "သူမရဲ့ဒဏ်ရာကအပြင်းထန်ဆုံးပဲ.. ထိုင်ခုံခါးပတ်မပတ်ထားတာကြောင့် ပြစ်မှုကျူးလွန်သူရဲ့ပြိုင်ကားနဲ့အတိုက်ခံရတုန်းကဒဏ်ရာတော်တော်ပြင်းထန်တယ်"
ရွှီချင့် သည် ထိုဒဏ်ရာရှိသူ၏ အနားသို့ အမြန်ပြေးသွားခဲ့တယ်။
၎င်းမှာမိန်းမငယ်လေးတစ်ဦးဖြစ်၏ ထိုအေးချမ်းသောဆောင်းဦးရာသီတွင် သူမကပါးလွှာသောစကတ်ကို၀တ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည်ရုပ်ပျက်ဆင်းပျက်ဖြင့် သွေးများဖုံးလွှမ်းနေသည်။ လူသွားလမ်းပေါ်တွင် သွေးအိုင်ကြီးတစ်ခုစွန်းထင်းနေပြီး သူမကအလယ်ဗဟိုတွင် ကြက်သွေးရောင်ပန်းတစ်ပွင့်ပွင့်နေသကဲ့သို့ပင်။
ထိုကဲ့သို့သွေးထွက်နှုန်းဖြင့် ရှင်သန်ရန် နည်းလမ်းမရှိပေ။
သို့သော်လည်း ရွှီချင့် သည် သူမ၏သွေးခုန်နှုန်းနှင့် မျက်ဆံများကိုစစ်ဆေးပြီးနောက် သူမ၏အရိုးများ—သားအိမ်ခေါင်းကျောရိုး၊ ကျောရိုးမကြီး နှင့် ပေါင်ရိုးများကျိုးသွားခဲ့တာကိုစစ်ဆေးခဲ့သည်။
ရှီချင့် က ထလိုက်ပြီးတော့ သူ့ဘေးနားက ရဲအရာရှိအား "သူမအသက်မရှိတော့ဘူး"
တစ်ဖက်လူက သက်ပြင်းချရင်း "အရမ်းငယ်သေးတာကို--"
သူစကားပြောနေစဉ်မှာပဲ အဝေးကအော်သံပျံ့လွှင့်လာသည်- "ကပ္ပတိန်စုန့်!"
နှစ်ယောက်သား အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ မတော်တဆမှုဖြစ်ပွားခဲ့သော Ferrari သည် အပိုင်းပိုင်းကွဲကြေကာ ၎င်း၏အပြင်ဘက်ခွံသည် ဆိုးရွားသောပုံသဏ္ဍာန်အဖြစ်သို့ မြစ်ထဲသို့ ပြုတ်ကျသွားသည်။ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်မောင်းမှာ ရှေ့ဘက်ခြမ်းတွင် ပိမိနေပြီး ရေထဲသို့ ဇောက်ထိုး နစ်မြုပ်သွားခဲ့ပါတယ်။
မီးသတ်သမားများက ကိရိယာတန်ဆာပလာများကိုတပ်ဆင်ရန်အချိန်မရပဲ ပြိုင်ကားတစ်စီးလုံးသည် မြစ်ထဲသို့ တဖြည်းဖြည်းနစ်မြုပ်သွား၏။
VOUS LISEZ
Waiting for you in a city (MM translation)
Roman d'amourTitle: Waiting for you in a city (一座城,在等你) Author: Jiu Yue Xi (玖月晞) General: drama, romance Total 68 chapters Main Character: Song yan စုန့်ယန့်宋焰, Xu qin ရွှီချင့်许沁 /(孟沁)မုန့်ချင့် မာနကြီးတဲ့မီးသတ်အရာရှိလေးစုန့်ယန့် နဲ့ အေးစက်စက်နိုင်တဲ့ဆရာဝန်မ...