၇၈ ၇၉

1K 112 6
                                    


အပိုင်း ၇၈

မော်တော်ဆိုင်ကယ်စီးတာနဲ့ လျှပ်စစ်ကားကိုစီးရတဲ့ခံစားချက်က မတူဘူး၊ အရေးကြီးဆုံးအချက်က လုံခြုံမှုက ရုတ်တရက် အများကြီးနိမ့်ကျသွားတာပဲ၊ နည်းနည်းလေး မြန်လိုက်မယ်ဆိုရင် လွင့်ကျတော့မလိုခံစားရတယ်။

ထို့ကြောင့် ထိုဆိုင်ကယ်ကို စမောင်းလိုက်သည်နှင့် ကျိုင်ရှင်းချန်က ချက်ချင်းဆိုသလို ယန်ကျစ်၏အင်္ကျီကို လှမ်းကိုင်လိုက်သည်။
ယန်ကျစ်က မော်တော်ဆိုင်ကယ်ဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး ကိုယ်ကြပ်ဝတ်စုံဖြစ်သည်။ ထို့ကြောင့် အင်္ကျီစကိုလှမ်းကိုင်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး ချက်ချင်းဆိုသလို နောက်ပြန်လှည့်လျက် ထူးဆန်းသောအကြည့်မျိုးဖြင့်ကြည့်လာသည်။

ကျိုင်ရှင်းချန်ကလည်း ယန်ကျစ်၏တုန့်ပြန်မှုက ထိုမျှပြင်းထန်မည်ဟု မမျှော်လင့်ထားမိသဖြင့် လွှတ်လိုက်သည်။ သူကလည်း ကျင်းကျန်း၏အဓိကအမျိုးသား ဇာတ်လိုက်တိုင်းက အလွန်အမင်းအထိမခံဖြစ်ကြောင်း သိထားသည်။ သို့သော် တစ်ဖက်သူတွင် ယခုကဲ့သို့ တုန့်ပြန်မှုမျိုးဖြစ်လာမည်ဟု မမျှော်လင့်ထားမိချေ။

ဒါပေမယ့်လည်း ဟုတ်ပါတယ်၊ ဒါက ပယ်ဂိုနီးယားရဲ့အခြေခံတုန့်ပြန်မှုပဲ၊ ကျင်းကျန်း၏အဓိကအမျိုးသားဇာတ်လိုက်ရယ်ကြောင့် ဖြစ်တာလို့တော့ မဟုတ်ပါဘူး။

ယန်ကျစ်၏နားက အနည်းငယ်နီသွားသည်။ ရုတ်တရက် သူက ပြောသည်။

“ကိုင်ထား”

“ကော ကျင့်သားရမယ်လို့ မထင်ဘူး”

“ရပါတယ် စမယ်”

ယန်ကျစ်၏နောက်နှုတ်ခမ်းက ခပ်တင်းတင်းစေ့သွားသည်။ ထို့နောက် ပြောသည်။

“ကိုင်ထား သွားမယ်”

မော်တော်ဆိုင်က အသံအလွန်ကျယ်သည်။ သို့သော် ရုတ်တရက် ခုန်ထွက်လိုက်သောအခါ ကျိုင်ရှင်းချန်က ကြောင်အသွားပြီး ချက်ချင်းဆိုသလို ယန်ကျစ်၏ခါးကို လှမ်းကိုင်လိုက်မိသည်။

ယန်ကျစ်က ခါးသိမ်တယ်

လမ်းလျှောက်ပြီး အစာခြေသောကာလက အဆုံးသတ်သွားသောကြောင့် မြောက်ပိုင်းနှင့်တောင်ပိုင်း လမ်းတောက်လျှောက် မီးအလင်းရောင်များကို မမြင်ရတော့ချေ။ ကျိုင်ရှင်းချန်က မော်တော်ဆိုင်ကယ်စီးခြင်းကို အကျင့်မဖြစ်သေးချေ။ ထို့ကြောင့် အနည်းငယ်မြန်နေသည်ဟုခံစားရပြီး ယန်ကျစ်ကို ဆက်တိုက်ပြောနေသည်။

You've reached the end of published parts.

⏰ Last updated: Sep 05 ⏰

Add this story to your Library to get notified about new parts!

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now