ထုံထိုင်းအေးစက်နေတဲ့ လက်ဖဝါးပြင်နုနုကို အပြန်အလှန်
ပွတ်သပ်ဆုပ်နယ်ရင်း ရင်မောနေရတဲ့အဖြစ်ရယ်ပါ။ပန်းရဂုံစံအိမ်ကြီးဆီ ရိုးပထမဆုံးစရောက်လာတဲ့အချိန်မှစပြီး
သခင်မကြီးက ဘယ်သို့မျှ ပြန်မလွှတ်တော့ချေ။ဖြစ်ချင်တော့
လည်း အမိန့်စည်း ဆိုသည့် လူကိုလည်း ရိုးစိတ်ထဲက ရင်မ
ဆိုင်ရဲလောက်အောင် ကြောက်နေမိသည်။အခုထိ လူချင်းမဆုံသေးသည့်သူတစ်ယောက်ကို ဘာအ
ကြောင်းပြချက်နဲ့မှ ရင်တုန်နေမိမှန်းအဖြေမရှာတတ်။ရင်တုန်
ရင်ခုန်မူတွေက နိုင်းဆလို့ပင်မရ ခက်ချေတော့သည်။"ရိုး"
ဟု အနောက်မှ အသံကြောင့်သမင်လည်ပြန်လေး ရိုး လှည့်
ကြည့်မိလေသည်။"ကောင်းကောင်း အိပ်ပျော်ရဲ့လား"
ဒေါ်လေးနွယ်ရဲ့ အမေးကို ရိုး မဖြေခင်ကြားလေးမှာတင်
သက်ပြင်းလေးခိုးချကာ ပါးချိုင့်လေးပေါ်ရုံမျှသာပြုံးပြရင်း
ခေါင်းငြိမ့်ပြလိုက်၏။"ဟုတ် ဒေါ်လေးနွယ်"
တကယ်တမ်းတော့ ရိုး မနက်အစောကြီးတည်းကနိုးနေဖြစ်
၏။ ညကလည်းကောင်းကောင်းအိပ်လို့မရခဲ့။ တညလုံး အမိန့်
စည်းဆိုသူနှင့် ပတ်သက်တဲ့အကြောင်းတွေကို တွေးနေခဲ့၏။ဒီမနက်ချက်ချင်း အမိန့်စည်းက ပြန်ရောက်လာမည်ဟု သိရ
သောကြောင့် ပန်းရဂုံစံအိမ်ကြီးမှာ လူများရှုပ်ယက်ခတ်နေကြ
လေ၏။အဲ့လောက်တောင် အမိန့်စည်းဆိုသူကကြောက်ဖို့ကောင်း
နေလေသလား။ဟွန့် လူကဖြင့် အသက်18နှစ်ပဲရှိသေး ဘယ်လောက်တောင်
အာဏာပါဝါတွေရှိနေလို့များလဲ၊ အေးပေါ့လေ သခင်မကြီး
ကိုယ်တိုင်ကိုက ဖူးဖူးမှုတ်အောင်အလိုလိုက်ထားမှတော့
ဆိုးသွမ်းနေတော့မပေါ့။နှုတ်ခမ်းလေးဆူကာ တွေတွေလေးငေးရင်း စဉ်းစားမိလိုက်
ကာ အတွေးထဲတငေးတမော။"ရိုး...ရိုးရေ"
လက်မောင်းလေးကို ကိုင်လှုပ်ကာဖျစ်ညှစ်ရင်း စိတ်ပူဟန်ဖြင့်
ဒေါ်လေးနွယ်က မေးမြန်းလေတော့၏။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL