အမိန့်စည်း extraမျှော်တဲ့ စာဖတ်သူတွေကိုပြောချင်တာက
extraမရှိပါဘူး...extraအဖြစ်ထပ်ရေးဖို့က မဖြစ်နိင်တဲ့
အခြေအနေဖြစ်ပါတယ်..ဘာလို့လဲဆိုရင် အမြွှာသုံးယောက်
ရဲ့ငယ်ဘဝကို ချမပြချင်တော့လို့ပါ..တကယ်extraရေး
မယ်ဆိုရင် အပိုင်းတွေအများကြီးထပ်ရေးရမှာဖြစ်ပါတယ်။ဇာတ်လမ်းအဆုံးသတ်မှာဖော်ပြထားသလို ကလေး2ယောက်
ရဲ့ရှေ့ဆက်ပုံစံရေးသလိုဖြစ်မှာမို့ Ss 2ပုံစံဖြစ်နိင်ပြီး Ss 2
ကလည်း ရေးဖို့မဖြစ်နိင်သေးပါဘူး..အမိန့်စည်းတောင်
2နှစ်ကျော်ကြာခဲ့တာမို့ အသစ်အသစ်ပဲရေးဖို့စိတ်ကူးထား
တာမို့ပါ။တချို့က ဇာတ်သိမ်းကိုတခြားပုံစံသိမ်းစေချင်ကြတာရှိ
တယ်...ကလေးတွေပျော်ပျော်ပါးပါးပုံစံနဲ့ပြီးသွားတာမျိုးပေါ့။
ကျွန်မကတော့အဲ့လိုဇာတ်သိမ်းတွေအခုနောက်ပိုင်းသိပ်မ
ကြိုက်တော့တာမို့ ဇာတ်သိမ်းတွေတစ်မျိုးတွေးနိင်တာလေး
တွေနဲ့ပဲသိမ်းတာရေးပါတယ်။ ကလေးတွေနဲ့ပျော်ပါးပြီးစကား
တွေပြောပြီး ဇာတ်လမ်းပြီးသွားတာမျိုးက အရမ်းရိုးတယ်ထင်
မိလို့ပါ...ကျွန်မတယောက်တည်းရဲ့အမြင်ပေါ့။ဒါကြောင့်အဲ့
လိုဇာတ်သိမ်းတွေကပျော်စရာကောင်းတဲ့အဆုံးသတ်ပေမဲ့
ကျွန်မကတော့မကြိုက်လို့မရေးဖြစ်တော့တာမျိုးပါ။ဇာတ်
သိမ်းတစ်မျိုးလေးနဲ့သိမ်းတာကရင်ထဲပိုရောက်စေတယ်ထင်
မိလို့ပါ။နောက်တခုက စာအုပ်အနေနဲ့ကလည်းအခုနောက်ပိုင်းရေး
သမျှficတွေကစာအုပ်အနေနဲ့ဖြစ်နိင်ဖို့က ဝေးကွာပါသေး
တယ်။ကျွန်မဘက်က မဖြစ်နိင်သေးတာပါ..ကျွန်မအလုပ်
တစ်ဖက်နဲ့သင်တန်းနှစ်ခုတတ်နေရလို့လုံးဝမအားတာမို့
စာအုပ်တွေလုပ်ဖို့က မဖြစ်နိင်ပါဘူး..ပြီးတော့နိင်ငံရေးက
လည်းအရမ်းကြပ်တည်းလာတဲ့အခြေအနေတွေဖြစ်နေတာမို့
အခုချိန်မှာစာအုပ်လည်းမလုပ်ချင်သလို အရမ်းကြပ်တည်း
နေတဲ့ကြားက ကျွန်မစာအုပ်တွေဝယ်ပါလို့မတိုက်တွန်းချင်
တာကြောင့်ပါ...လုပ်ဖို့လည်းစိတ်မပါသေးပါဘူး။ကျွန်မထွက်
ထားတဲ့ စာအုပ်နှစ်အုပ်ရဲ့စာမူခတွေကို စစ်ဘေးရှောင်တွေကို
လှူထားပါတယ်၊ ကျွန်မဆန္ဒအားထက်သန်လာရင်တော့
စာအုပ်တွေပြန်လုပ်ပါမယ်။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL