Chapter...39

24.1K 1.1K 68
                                    

"အဟင့်...ဟဲလို..ကိုကြီးရိုး"

"ဟင်...ဖိုးကံကောင်း...အခုပြောနေတာ ဖိုးကံကောင်းလား"

တဖက်က အသံပိုင်ရှင်ရဲ့ ငိုမဲ့မဲ့ဖျော့တော့နေပါသော အသံကို
ကြားလိုက်ရသောကြောင့် အထိတ်တလန့်ပင်ဖြစ်သွားရ၏။
သူအခုဆက်နေတဲ့ ဖုန်းက ပန်းရဂုံကဖုန်းပါ...ပြီးတော့ ဒေါ်
လေးနွယ်တို့နဲ့ ဆက်စပ်မိနေပါတဲ့ ဖုန်းခေါ်ဆိုမူ။

တော်တန်ရုံ ပန်းရဂုံကလူတွေနှင့်သိပ်ပြောစရာမရှိသလို
သူ့ကိုလည်းအရေးအရာယူပြီး ပန်းရဂုံက တရင်းတနှီး ဖုန်းနဲ့
ပင်ပြောလေ့သိပ်မရှိ၊ သာကြောင်းမာကြောင်းမေးရုံကလွဲ၍
အပိုစကားမပြောကြသလို ရိုးအနေနဲ့လည်း ဟန်ဆောင်ပြီး
တော့အပြုံးတုဖန်တီးပြီး မပြောတတ်တဲ့သူမို့ ဒါကပင်အဆင်
ပြေပါတယ်ဟု ထင်မှတ်ထားလိုက်၏။

တကယ်လည်း ရိုးစကားကို လုံးစေ့ပတ်စေ့မပြောတတ် အများကပြောရင် ခေါင်းလေးညိမ့်ပြီးပြုံးပြထောက်ခံရုံကလွဲ
မလုပ်တတ်၊ ဒါကြောင့်မို့လည်း မောင်နဲ့စစတွေ့ချင်းမောင်က
သူ့အပေါ်အနိင်ကျင့်လို့သိပ်ကောင်းခဲ့တာ။

"ဟင့်ကိုကြီးရိုး...အီးဟီး...ဗြဲ"

"ဘာဖြစ်လိုလဲကိုကြီးကိုပြောပြ...ဘာတွေဖြစ်လို့လဲ တစ်ခု
ခုများ"

"သား ယောက်ျားကိုပြန်ခေါ်လာပေးပါနော်...ကိုကြီးရိုးတို့ပြန်
လာရင်သူ့ကိုပါခေါ်ခဲ့ပေးပါ...သူနဲ့လည်းဖုန်းဆက်ချင်တယ်
သားယောက်ျားအသံကြားချင်တယ်...သူကသာ သားအပေါ်
အဆက်အသွယ်ဖျတ်ထားတာ"

"ဒါဆို အခုထိအဆက်အသွယ်မရတာလား...ဘယ်လိုဖြစ်ရ
တာလဲ"

ဖုန်းထဲ၌ ကြားရသော ဖိုးကံကောင်းရဲ့ ရိုက်ကြီးတငင်ငိုယို
နေတဲ့အသံတုန်တုန်ရီရီနှင့် ငိုနေတာကြောင့် ရိုက်ရိုက်တတ်
သွားပါသော အသံလေးကို နားထောင်ရရင်ပဲ ဖိုးကံကောင်း
အတွက် ရိုး စိတ်မကောင်းအလွန်ပင်ဖြစ်ရ၏။

ဖိုးကံကောင်းနဲ့သူနဲ့က ညီအကိုဝမ်းကွဲပေမဲ့ ဒ္ဓီလိင်လေးဖြစ်
တဲ့ ညီဝမ်းကွဲလေးခမျာ ယခုလိုပူဆွေးနေရသည်မှာလည်း
သူ့အပြစ်မကင်းသလိုခံစားရ၏။ အကြောင်းကားသူကိုယ်
တိုင်မှာလည်း လီယွန်နှင့် တစ်ဖက်တစ်လမ်းကအောင်
သွယ်ပေးခဲ့သည်လေ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now