Chapter...45

28.6K 1.5K 139
                                    

စူးစူးစိုက်စိုက်နဲ့ကို သူကိုဘုကြည့်ကြည့်ပြီး နှာခေါင်းတရှုံရှုံနဲ့
ဟိုကုတ်ဒီကုတ် လုပ်နေတဲ့ အရှေ့ကသူကို အမိန့်ကြည့်မရ
လေတော့။

လေးဖြူသီချင်းနဲ့ အသားကုန် စင်ပေါ်မှာသောင်းကျန်းပြီး
ပွဲဆူအောင်လုပ်သလို အောက်က အိမ်တော်ကလူတွေက
နောက်ထပ်သီချင်းသစ်တောင်းဆိုတော့လည်း မကြောက်မရွံ
ထပ်ကဲမယ်လုပ်နေလို့ အမိန့်မနည်းဆွဲချရတာ..။

မထုံတတေးလေးထင်တာ မနိင်စိန်ဖြစ်နေပါကော...အိမ်ထဲ
ဆွဲခေါ်သွင်းတာတောင် ရုမ်းကန်ရင်းမှ မခိုးမခန့်နဲ့ ဘာလဲ
အဲ့အကြည့်နဲ့...။

"ဘယ်လိုကြည့်နေတာလဲ ခင်ဗျားအတတ်ကောင်းတွေတတ်
နေတယ်"

"မောင်ကကော ဘာလို့ပြန်ကြည့်နေတာ"

"ခင်ဗျား ကျုပ်ကို အရင်က အဲ့လိုမပြောရဲပါဘူး"

"အရင်ကမပြောရဲဘူးလေ"

"ဟုတ်တယ်လေ"

"အခုပြောတယ်လေ"

"ဟာ...shit! "

ချစ်ရသူမို့ ပိတ်မအော်ရက်၊ အသားနာကျင်အောင်မလုပ်ရက်
တာမို့ ထွက်လာတဲ့ဒေါသကို လည်ချောင်းဝကနေမြိုချရင်းမှ
တစ်ယောက်တည်း ညီးတွားရင်း ထိုင်ရမလို ထရမလိုဖြစ်သွား
လေပြီ။

ငါ့လီးပဲ...မင်းအမိန့်စည်းရဲ့ သိက္ခာတွေထိခိုက်ကုန်ပြီ၊ သ
ခွပ်ရိုးရဲ့ စကားတစ်ခွန်းလေးမှာ အသက်ထွက်မတတ်ပေါက်
ကွဲသွားစေခဲ့တာမျိုး ဘယ်ကစွမ်းအင်တွေရလာတာလဲ။

"ဟူး! အကျီချွတ်!"

"အံမယ်...ဘာလို့လဲ"

"အံမယ်တွေ အံမေ့တွေ မလုပ်နေနဲ့...ခင်ဗျားအခုဝတ်ထား
တဲ့အဝတ်အစားက နည်းနည်းလေးတောင်ပုံမလာဘူး..ကျုပ်
မကြိုက်ဘူး"

"မောင်ဝတ်တာလည်း ကြည့်မကောင်းပါဘူး..တစ်ကိုယ်လုံး
အနက်ရောင်အပြည့်နဲ့ သေမင်းတမာန်လိုပဲ"

"ဘာ!သခွပ်ရိုး...ခင်ဗျား...ခင်ဗျား! အဲ့သေမင်းတမာန်က
ကိုရီးယားကားတွေထဲမှာ စော်တိုင်းကြိုက်တဲ့နှင်းဆီခိုင် ဇာတ်
ရုပ်နဲ့သရုပ်ဆောင်နေကြတာနားလည်လား...ခင်ဗျားတော့
နာတော့မယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now