ငယ်ငယ်တုန်းက ရိုးရဲ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ အမှတ်ရဆုံး
တမ်းတသတိရဖြစ်ရဆုံးပုံပြင်လေးတစ်ခုရှိတယ်...။ရိုးရဲ့မိဘတွေမဆုံးခင် ရိုးရဲ့ညီမလေးနဲ့အတူညအိပ်ရာဝင်
အိပ်စက်ချိန်တိုင်း မေမေပြောပြဖူးတဲ့အကြောင်းအရာလေး
တစ်ခု။ဟော...မေမေဆုံးပြန်တော့ ဒေါ်လေးနွယ်ကထပ်ဆင့်အနေနဲ့
ရိုးကိုပြောပြခဲ့ပြန်တယ်။ ရှုပ်ပွေလီပြီးပြန်မတမ်းတချင်မလွမ်း
မောချင်တဲ့ ရိုးရဲ့ရင်နာစရာငယ်ဘဝကို ကြီးစိုးထားခဲ့တဲ့အရာ
လေးပေါ့။ရှင်မှုန်းနံ့သာကိုမေမေကြီးက အိပ်ရာဝင်ပုံပြင်တွေပြောပြ
ချော့သိပ့်လေချိန်မှာ အချိန်ကိုက်အနေနဲ့ရိုးအမှတ်မထင်ကြား
ရပြန်တော့ တံခါးအကွယ်လေးဘေးနားရပ်ပြီး ပါးချိုင့်လေး
တွေခပ်ရေးရေးပေါ်တဲ့ထိပြုံးမိပြန်တယ်။သြော်...ဒီပုံပြင်လေးကငါကြိုက်တဲ့ပုံပြင်လေးပါပေါ့။
တောက်ပြောင်ပြီးငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့အလှဆုံးဂါဝန်လေးကိုဝတ်ဆင်ပြီး မြင်သူတကာငေးရလောက်တဲ့
ကြည်လင်တောက်ပလွန်းစွာသော ဖန်သားဖိနပ်လေးကိုဆင်
မြန်းပြီးပွဲတတ်လာခဲ့တဲ့မင်းသမီးလေးတစ်ယောက်အကြောင်း။"အို...ဒါဆို မင်းသမီးလေးကမင်းသားလေးနဲ့ညားသွားတာ
ပေါ့နော် မေမေကြီး""ဒါပေါ့...ရိုးရယ်...မင်းသမီးလေးကအယောင်ဆောင်မင်းသ
မီးလေးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာမင်းသားလေးနဲ့ညားသွားရ
တယ်လေ"ခေါင်းလေးကိုပွတ်သပ်ရင်း ကြင်နာစွာပြောပြလာတဲ့ဒေါ်လေး
နွယ်က ပြုံးပြကာ ရိုးကိုစောင်ခြုံပေးလိုက်လေ၏။"ဟင်း...ဒါပေမဲ့ မင်းသမီးလေးကသနားဖို့ကောင်းတယ်နော်
သူ့ခမျာ...""ရိုးရယ်..ဒါကနားထောင်ရကောင်းပြီးအမှတ်ရစေမဲ့ ပုံပြင်
လေးတစ်ပုဒ်ပါပဲ...နောက်ဆုံးမှာပျော်ရွှင်သွားရတာပဲလေ...
ဇာတ်သိမ်းမှာ အချိုမြဆုံးဇာတ်သိမ်းလေးနဲ့သိမ်းသွားရင်ပျော်
ပြီမလားကွယ်"အဲ့တုန်းက ရိုးက ကလေးဘဝနားမလည်လေတဲ့အရွယ်လေး
မို့ ဒေါ်လေးနွယ်ပြောသမျှကို ခေါင်းလေးညိမ့်ပါးချိုင့်လေးပေါ်
အောင်ထိပြုံးရင်း ကျေကျေနပ်နပ်ကြီးလက်ခံခဲ့မိသေးတာ။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL