Chapter...42

24.2K 1.2K 111
                                    

ကုမ္မဏီတစ်ခုလုံးကိုလက်လွှဲမယူရသေးပေမဲ့ နောင်တစ်ချိန်
ပန်းရဂုံရဲ့ အမွေအားလုံးရပိုင်ခွင့်နဲ့ ခံစားခွင့်ကို ရရှိနိင်မည်သူ
ကအမိန့်မှတစ်ပါး အခြားမရှိ။

သခင်မကြီးကလည်း သူသိပ်ချစ်တဲ့ မြေးအမိန့်ကိုပဲ အမွေ
တွေပေးမှာဖြစ်တာကြောင့် စာချုပ်စာတန်းနဲ့ရှေ့နေနှင့်ပါ
စီမံလုပ်ဆောင်ထားပြီးသား၊ အမိန့်က ဒီအမွေတွေကိုယူချင်
မယူချင် အရာအားလုံးကိုအမိန့်ရရှိမည်သာ။

ပန်းရဂုံရဲ့ ဧည့်ခန်းနေရာမှာတော့ ငြိမ်ချက်သားကောင်းနေတဲ့
လေပြေထုအနေအထားကြား၌ ပြုံးရီနေပါသော အသံတွေက
တစ်စထက်တစ်စ ကြီးထွားလျက်။

"တိမ်လွှာက ကိုယ်ဝန်ရှိနေပြီဆိုတော့ မြေးမိန့်ကပိုဂရုစိုက်ရ
မယ်နော်...ကိုယ်ဝန်သည်တွေကဒီအချိန်မှာ အားအငယ်ဆုံး
စိတ်ခံစားမူ အနိမ့်အတတ်အကျရှိဆူံးပဲ"

"ဘွားရယ်...အမိန့်ကိုအားနာစရာ"

စကားသိပ်နားထောင်လွန်းတဲ့ မင်းအမိန့်စည်းကတော့ လှည့်
ပင်မကြည့် အလုပ်ကပြန်လာတာနဲ့ ဧည့်ခန်းထဲ အစည်းအ
ဝေးထိုင်သလို စောင့်နေကြတဲ့အုပ်စုက အမိန့်ရဲ့အရိပ်ကို
မြင်တာနဲ့ စကားရည်လုပြောသလို ပြောနေပေမဲ့ အမိန့်က
အိမ်အပေါ်ထပ်သို့ တတ်တဲ့လှေကားကိုသာ ဦးတည်၍ ခြေ
ဦးတည့်လိုက်လေသည်။

နှုတ်ဖျားကလည်း စကားသံတစ်ခွန်းကို အော်ပြောလိုက်ဖို့မ
မေ့။

"မင်းအမိန့်စည်းရဲ့ ယောင်္ကျား သခွပ်ရိုး လိုက်လာခဲ့"

သုတ်ခြေတင် အလောသုံးဆယ် လိုက်သွားတဲ့သခွပ်ရိုးနဲ့
အမိန့်ကို ကျန်ရစ်ခဲ့သော သူတွေက မျက်စီတစ်ဆုံးထိ
အသံတိတ်ငေးကြည့်နေကြဆဲ။

"စိတ်မကောင်းမဖြစ်နဲ့တိမ်လွှာ...အမိန့်ရဲ့ဗီဇကိုက အဲ့လို
လူတစ်ဖက်သား လျစ်လျူရှုတတ်ပေမဲ့ အတွင်းစိတ်သဘော
မှာတော့ သူ့သွေးသား သမီးရဲ့ကိုယ်ဝန်ကြောင့် ကြည်နူးနေမိ
မှာပါ"

"ဟုတ်တယ်...အမိန့်ကို နားလည်အောင်ကြိုးစားယူရင်
တိမ်လွှာကို ပြန်နားလည်လက်ခံမှာပါကွယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now