ညနေစာလာစားရန် မှာလိုက်တာမို့ ရိုးဖြည်းဖြည်းချင်းလှေ
ကားထစ်တွေကိုနင်းကာ ထမင်းစားခန်းသို့ သွားလိုက်လေ
သည်။ထွေးထွေးနှင့် ဒေါ်လေးနွယ်က တစ်ဖက်တစ်ချက်စီမှာ
ရိုးကို ထိန်းကိုင်ပေးထားတာမို့ ရိုးဘက်ကလည်း သတိကြီးစွာ
ချော်မလဲအောင် ဂရုစိုက်ရလေ၏။ပေါက်စီလုံးလေးတွေ ဗိုက်ထဲမရောက်ရောက်အောင်
မောင်က ငွေအမြောက်အများဖြင့်အကုန်ကျခံကာ သူဘက်
ကလည်း ဘယ်လောက်တောင်ဘုရားစာတွေရွတ်ပြီး ဆု
တောင်းခဲ့ရသလဲ။နေရထိုင်ရတာ အသက်ရှုကြပ်သလိုဖြစ်တတ်ပေမဲ့ ရိုးအစွမ်း
ကုန်သည်းခံဖို့ တွန့်ဆုတ်နေခြင်းမရှိခဲ့။မောင့်ကိုသိပ်ချစ်သလို
မောင်နဲ့သူရဲ့ ရင်သွေးလေးတွေကို လှိုက်လှိုက်လှဲလှဲကိုလို
ချင်နေမိတာကြောင့်ပင်။"လာလေ ရိုး...ရိုးအကြိုက်တွေ မေမေချက်ခိုင်းထားတာမို့
အများကြီးစားရမယ်နော်""ဟုတ်မေမေ...ရိုးကိုဂရုစိုက်ပေးလို့ကျေးဇူးပါ"
"ကျေးဇူးမလိုပါဘူးကွယ်...အမိန့်သာကြားရင်တော့ မေမေ
ကိုသူစိမ်းဆန်အောင်လုပ်တယ်ထင်နေပါမယ်..ရိုးကမေမေရဲ့
သမက်ဖြစ်နေပြီပဲ...မေမေရဲ့မြေးလေးတွေကိုမကြာခင်မွေး
ရတော့မဲ့ မိခင်လောင်းလေး...စိတ်ထဲ ဘာမှအပိုတွေမတွေး
နဲ့ဟုတ်ပြီလား"ပါးချိုင့်လေးပေါ်အောင် ရိုးပြုံးပြရင်း ထမင်းပန်းကန်ထဲ
မေမေထည့်ပေးတဲ့ ငါးကြင်းကိုနူးအိနေအောင်ပေါင်းထားတဲ့
အတုံးကြီးတတုံးကို အသာဖဲ့လိုက်ပြီး ထမင်းထဲမြုပ်ကာ
စားလိုက်လေ၏။နူးညံ့ချက်က လျှာပေါ်မှာတင်အရည်ပျော်မတတ်..အရသာက
စွဲအောင်ကောင်းတာမို့ ရိုးအကြိုက်တွေ့သွားလေသည်။"သီတာ...နေ့ခင်းက အမိန့်ပို့ခိုင်းထားတဲ့ နန်းကြီးသုတ်ကို
ယူလာခဲ့...စားတော့မလို့""အမိန့်က ပို့ပေးတယ်ဟုတ်လား"
ဟု သခင်မကြီးက ထမင်းစားနေရင်းမှ မေးလိုက်လေသည်။
"ဟုတ်တယ်ဘွား...မနက်ကအမိန့်အလုပ်မသွားခင် တိမ်လွှာ
စားချင်တာလေးမှာလိုက်တာ နေ့ခင်းမတိုင်ခင်က ပို့လာပေး
တယ်လေ"
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL