တပိုးတပေါက်ဆီ ကျရောက်ဖြာကျနေပါသော နေရောင်ခြည်
ခပ်နွေးနွေးအုံလေးက သစ်ရွက်စိမ်းတွေရဲ့ကြား..လေပြေ
ညှင်း သွဲ့သွဲ့တွေကို ဖြတ်သန်းရင်းမှ နွေးထွေးစွာဖြာကျနေပါ
လေသည်။မနက်ခင်းမှစ၍ တက်ကြွဆူညံ့စွာ အလုပ်လုပ်ကိုင်နေကြ
သောပန်းရဂုံရဲ့အိမ်စေတွေရဲ့ ယနေ့မနက်မှာတော့ ပို၍အား
တတ်သရောလုပ်ကိုင်နေရပါ၏။အကြောင်းမူကား....။
"မနက်စာကို သေချာလေးပြင်ဆင်ကြနော်..အစားအသောက်
ကို သန့်ရှင်းနေအောင်ဂရုစိုက်ကြ...အပြင်အဆင်သပ်ရပ်ဖို့
ကိုလည်းမမေ့ကြနဲ့ဦး""ဟုတ်ကဲ့...သခင်မကြီး"
"အိမ်တော်ကိုလည်း သန့်ရှင်းရေးမှာ ပိုပြီးအလေးထားကြ...
အိမ်ထဲကလေထုမကောင်းရင် ငါတို့သာမာန်လူမပြောနဲ့ကိုယ်
ဝန်ဆောင်သည်အတွက် ပိုပြီးတောင်မကောင်းဘူးနားလည်
လား...သေချာလုပ်ကြ""သခင်မကြီး...မနက်စာပြင်ပြီးပါပြီ"
"ပေါက်စီတွေကော ပါရဲ့လား...သခွပ်ရိုးက ပေါက်စီကိုအ
ရမ်းချဉ်ချင်းတတ်တာ...စားနေရင်ရိုးကိုမရိုးဘူး...မပါလို့
မရဘူး"သခင်မကြီးကတော့ ပန်းရဂုံအတွက် မျှော်လင့်ချက်ဆိုတာ
မရှိသလောက်ဖြစ်ခဲ့သည်ဆိုတဲ့အလျောက် ယခုမူတော့ သူမ
ရဲ့စိတ်မှာတုန်လှုပ်စိတ်လှုပ်ရှားမူတွေဖြစ်ပ်ါနေချေပြီ။အထူး
တလှယ် လုပ်နေသည့်မျက်နှာကြီးရာဟင်းဖတ်ပါ သခင်မကြီး
စိတ်ကို အိမ်စေတွေမှာ မေးငေါ့စရာဖြစ်ပေမဲ့ ပြန်မပြောဝံ့ကြ
သည်မို့ခေါင်းငုံ့၍သာ နာခံကြရ၏။"မေမေ...မင်းအမိန့်စည်းတို့အခန်းကို တံခါးသွားခေါက်ပြီး
မေးကြည့်ပါလား...ကလေးတွေရဲ့အခြေအနေလေးကောသိ
ရတာပေါ့"ကျန်သည့်အရာသာ အမိန့်အပေါ် မျက်စောင်းကပ်လေပြီး
သခွပ်ရိုးအပေါ်၌လည်း အထင်အမြင်သေးမိတာတွေရှိပေမဲ့
ပန်းရဂုံရဲ့မျိုးဆက်တွေနှင့်ပတ်သက်ရင်တော့ ဒေါ်မြတ်ပန်းရုံ
မှာ ဝမ်းသာအားရဖြစ်ချေပါသည်။ အိမ်တော်ကိုတခြားအိမ်
တော်တွေနှင့်မယှဉ်နိင်အောင် ဂရုစိုက်ထိန်းသိမ်းတတ်လေ
သည်။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL