Chapter...27

29K 1.4K 67
                                    

ကထိန်ခင်းမဲ့နေ့က တရွေ့ရွေ့နီးလာပြီဖြစ်သလို မှိုင်းဟင်ရွာ
လေးရဲ့ရွာသားတွေမှာလည်း ပြုံးတပျော်ပျော် ကြည်နူးပီတီ
ရိပ်တွေ ရှပ်ပြေးကာ ရွာဦးစေတီ၌ ကထိန်ခင်းမည့်အလှူတွင်
လည်း ကျွေးမွေးဖို့ကအစ ဖျော်ဖြေရေးအဖြစ် ဦးရွှေရိုးနဲ့ဒေါ်
မိုးအကကို ကပြရင်း ရွှင်မြူးသဟာ ရယ်မောကြရအောင်
လေက အဖက်ဖက်ကစလို့ ဝိုင်းဝန်း၍ အားတတ်သရောလုပ်
ကိုင်ဆောင်ရွက်လျက်ရှိကြလေသည်။

ရွာဦးဘုန်းကြီးကျောင်းက ဓမ္မာရုံရှိ အလှူခံမဏ္ဍပ်၌လည်း
မနက်လင်းအာကြီးအချိန်တွင် နိဗ္ဗန်ဆော်အသံနှင့်အတူ
ရှိတာလေးနဲ့လှူကြသည့် ရွာသူရွာသားတွေရဲ့ စေတနာကု
သိုလ်တွေကိုလည်း ငါးဆယ်၊တစ်ရာကစလို့ အားရပါးရသာဓု
ခေါ်ပြီး ဆော်သြနေပါတဲ့ သူကြီးနဲ့ရပ်ရွာလူကြီးတွေရဲ့အသံ
ကတဆာဆာ။

ထိုအလှူခံမဏ္ဍပ်က အသံကိုပဲ နားစိုက်ထောင်မိတာနှင့်
ရပ်ရွာက အသက်ကြီးအဘိုးအဘွားတွေမှ သာဓုခေါ်ရင်း
မုဒီတာပွားလျက် ရှိကြလေ၏။

ထိုအချိန်၌ ခြံထဲ၌ သီးနှံလေးတွေစိုက်ထားတဲ့ နေရာ၌ ငုတ်
တုတ်ထိုင်ရင်းမှ ခပ်တွေတွေလေး ငေးနေတဲ့ သခွပ်ရိုး။

များများစားစားတော့စိုက်ပျိုးထားခြင်းမဟုတ်ပဲ ဘူးသီး၊ခရမ်း
သီး၊ရုံပတီသီး၊ချဉ်ပေါင် ဟိုတကွက်ဒီတစ်စု အနည်းငယ်မျှသာ

"ရိုးလေး...ခရမ်းပင်က ခရမ်းသီးကိုကြည့်ပြီးဘာတွေတွေး
နေတာလဲ...ဘာလဲဒီနေ့ခရမ်းသီးနှပ်မလို့လား"

"မဟုတ်ပါဘူး...မောင်ဟာနဲ့တူလို့ လွမ်းသလိုလိုဖြစ်နေလို့"

"ဟမ်!ဘယ်လို..ဘယ်လို"

"ဟို..ဟို...မဟုတ်ပါဘူး အရီးလေးက ရုတ်တရက်ကြီးပြော
လိုက်တော့ ကြောင်ပြီးပြောမိတာ"

ခရမ်းပင်၌ တုတ်ခိုင်ကြီးမာသန်မာလွန်းတဲ့ ခရမ်းရောင်ရင့်ရင့်
အရည်ရွှမ်းမဲ့ပုံပေါ်တဲ့ ခရမ်းသီးကြီးကို ကြည့်ပြီးသက်ပြင်း
တစ်မမ။

ရိုးလည်း အရီးလေးတို့မြှောက်ပေးလို့သာ မောင့်ကိုအငတ်
ထားနေရတာ ဒါနဲ့ဆိုနှစ်ကြိမ်ရှိနေပြီ..ရိုးမှာ ငိုမဲ့မဲ့တောင်ဖြစ်
ချင်နေမိပြီ..မောင် စိတ်ဆိုးမှာလည်း စိုးရိမ်မိသလို ယောက်ျား
ဖြစ်သူကိုလည်း ကြောက်ရချစ်ရသူမို့ ကြားထဲ၌ စိတ်သာညစ်
နေမိလေသည်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now