Chapter...46

28.1K 1.4K 124
                                    

"ကျွန်တော်ယောက်ျား သခွပ်ရိုးမှာ ကိုယ်ဝန်ရှိနေပြီ"

တွေးတောင်မတွေးရဲမိသည့် စကားကိုအမိန့်က စိတ်ကျေကျေ
နပ်နပ်ကြီး ပီတီဖြာစွာနဲ့ သူ့အပိုင်ကျော့ကွင်းထဲ သားကောင်
ကို အောင်မြင်စွာဖမ်းမိထားတဲ့ မုဆိုးတစ်ယောက်လိုအမူအ
ရာနှင့် ပြောလာတာကြောင့် အရင်ဆုံးတုန်လှုပ်မိသွားသူမှာ
တိမ်လွှာ...။

ဒုတိယက သခင်မကြီး...ကျန်တဲ့သူများအနက်မှ အမိန့်မေမေ
ကတော့ ဝမ်းသာရွှင်ပြသွားပေမဲ့ သခင်မကြီးကတော့ ကျေနပ်
သွားတဲ့ အပြုံးအေးအေးနဲ့ပဲတုန့်ပြန်ပြ၏။

ရင်ထဲမှာ မိုးတွေဆွေသလို ကမ္ဘာပျက်နေသူမှာတော့တိမ်လွှာ
ပေါ့။

"တိမ်လွှာအတွက်မပူပါနဲ့...ဘွားနဲ့မေမေတို့က တိမ်လွှာကို
ဂရုစိုက်ကြပါတယ်"

တိမ်လွှာမှ အမိန့်ရဲ့ဂရုဏာသက်မူကို ရရှိလေမလားဆိုပြီး
ဝင်အမှတ်ယူလိုက်လေသည်။ကိုယ်ချင်းစာနာမူလေးများ
အမိန့်ဆီမှ တွေ့လိုရငြား သူ့အပေါ်ဂရုစိုက်ချစ်လာလိမ့်မလား
ခေါင်းထဲတောင် ထူပူနေမိလေ၏။

"သိပ်ကိုကောင်းတယ်...ဘွားတို့ အိမ်တော်မှာ မျိုးဆက်များ
များရလာတာကော သခွပ်ရိုးကော ကိုယ်ဝန်ရှိလာတာက
မင်္ဂလာတစ်ပါးပဲ...ရှေ့လျှောက် ဘွားကပဲ သခွပ်ရိုးကို"

"အဲ့ကိစ္စကိုပဲ ပြောချင်နေတာ"

ပြောလက်စ စကားကိုဖြတ်ချပစ်ပြီး ဦးဆောင်ပြောသွားသည့်
အမိန့်ရဲ့နောက်၌ သခင်မကြီးမှာ ဆွံအပင်ကျန်ခဲ့ရလေပြီ။

"ဒီဘက်က မတိမ်လွှာကလည်း မပေါ့မပါးနဲ့ဆိုတော့ သူကို
ဘွားတို့တာဝန်ယူလိုက်ပြီး ကျွန်တော်ယောက်ျားရဲ့ ကိုယ်ဝန်
ကိစ္စအဝဝကို ကျွန်တော်ပဲတာဝန်ယူမယ်"

လုပ်သင့်၊ဖြစ်သင့်တယ်လို့ ပြောတာမဟုတ်ပဲ လုပ်ကိုလုပ်ရ
မယ်ဟု ပြောနေတာမို့ အမိန့်ရဲ့စကား အတိမ်အနက်က ဘယ်လိုအသွားအလာလည်း ဆိုတာခန့်မှန်းမိပါ၏။

အမိန့်က အစောပိုင်းက သခွပ်ရိုးကို သွေဖယ်ထားတဲ့ သခင်မ
ကြီးတို့အုပ်စုကို ပြန်တုန့်ပြန်လိုက်လေခြင်း။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now