Chapter...19

46.2K 1.8K 70
                                    

"အောက်အီးအီးအွတ်!"

"ကွာ!ဘယ်သူမှမရှိကြဘူးလား...တောက်!"

လူကသေလောက်အောင်အိပ်ချင်ပြီး မျက်လုံးပင်ဖွင့်မရပါဘူး
ဆိုနေမှ စိတ်အနှောက်အယှက်ဖြစ်အောင် အိပ်ရေးပျက်
အောင် ထအော်တဲ့ ကြက်ကို မဆီမဆိုင်ဒေါသထွက်မိလေ၏။

အိပ်ချင်လွန်းလို့ ဇွတ်ပိတ်နေတဲ့မျက်ခွံတွေကို အတင်းဖွင့်
ကြည့်ကာ မနက်အစောကြီး အခန်းရှေ့ ကဂျိုးကဂျောင်အသံ
တွေနှင့် ဆူညံနေတာကြောင့် အမိန့် တစ်ယောက်လေးလံနေ
တဲ့မျက်ခွံတွေဖြင့်သာ ပြူးပြဲ ကြည့်ရလေသည်။

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်၏။

ထိုတနည်းအနေနဲ့ပြောရရင်တော့ မြန်မာတို့ရဲ့အထွဋ်အမြတ်
ထားတဲ့ပွဲတော်တစ်ခုအနေနဲ့ကော မြတ်စွာဘုရားကိုဆီမီးနဲ့
ပူဇော်ပြီးကုသိုလ်ယူကြလေ့ရှိတဲ့ သီတင်းကျွတ်လပြည့်နေ့။

"မောင်...အိပ်ယာကနိုးလာပြီလား"

"......."

မောင်က သူ့ကိုမြင်မှ တစ်စုံတစ်ခုကိုသတိရသွားတယ်ထင်
ခေါင်းကုတ်၍ ခေါင်းညိမ့်ပြလေသည်။ တကယ်ပါ အဆင့်
မြင့်မြင့် မိန်းကလေးမြောက်များစွာနဲ့ တွေဆုံလာခဲ့တဲ့ ရိုးရဲ့
ခင်ပွန်းဖြစ်သူကောင်လေးက အိပ်မှုန်စုတ်ဖွားဖြစ်နေတာ
တောင် မျက်တောင်မခတ်ငေးမောကြည့်နေရအောင် ချော
မောသန့်ပြန့်နေတုန်းပင်။

ဘာသာစကားသုံးလေးမျိုးကို ကျွမ်းကျွမ်းကျင်ကျင်ပြောဆို
နိင်သလို လယ်အလုပ်လုပ်ပြီး ရှာကျွေးမယ်လို့ပါးစပ်ဖျားကမ
ချတဲ့ ကောင်လေး...အရမ်းချောတယ် မင်းအမိန့်စည်းရယ်။

ဒီလောက် ပြည့်စုံနေမှာတော့...ကဲ ဘာလိုသေးလဲ။

"ခင်ဗျားကကော နိုးနေတာကြာပြီလား"

"ဟုတ်"

စကားလုံးလေးတစ်ခုတည်းမှာတင် မနက်အစောမှာတွေ့ရတဲ့
လန်းဆန်းတဲ့နှင်းပွင့်လေးလို့ အမိန့်စည်းရဲ့ရင်ထဲ စမ်းချောင်း
လေးဖြတ်၍စီးဆင်းသွားသည်နှင့်ပင်တူလှ၏။

မျက်တောင်ကော့ကော့တွေနှင့် ဝန်းရံထားတဲ့ မျက်ဝန်းနက်
တွေက နူးညံ့သိမ့်မွေ့မူကို ရည်ညွှန်းနေသလို အမိန့်အနားသို့
တိုး၍ ကိုယ်ပေါ်မှ ခွာချထားတဲ့စောင်နဲ့ခေါင်းအုံးတွေကို အစီ
တကျသိမ်းနေတဲ့ သခွပ်ရိုးက မင်းအမိန့်စည်းနဲ့ အထိုက်ဆုံး
ပဲ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now