Chapter...44

25.5K 1.3K 95
                                    

သခင်မကြီးမြတ်ပန်းရဂုံတို့ရဲ့မျိုးရိုးဟာ ဆွေကြီးမျိုးကြီးဖြစ်
ကြသလို လေးစားရိုသေပြီးသြဇာညောင်း၍ ဟိတ်ဟန်ပြည့်ဝ
တဲ့မျိုးရိုးတွေဖြစ်ကြလေသည်။

ပန်းရဂုံ၊ မြမြင့်ဉ္ဇူနှင့်အင်ကြင်းရိပ်မြုံ အမည်ရတဲ့ အိမ်တော်
သုံးခုဟာ ဆွေတော်မျိုးတော်တွေဖြစ်ကြသလို မင်းအမိန့်
စည်းတို့မျိုးရိုးတွေက နောက်ဆုံးမျိုးရိုးကိုအမွေဆက်ခံရတဲ့
အိမ်တော်ဖြစ်လေသည်။

ကျန်အိမ်တော်နှစ်ခုကလည်း ပန်းရဂုံလိုပင် ယောက်ျားလေး
မျိုးဆက်ရှားပါးတာမို့ ကျန်ခဲ့တဲ့နောက်ဆုံးလက်ရှိယောက်ျား
လေးတွေမှာ ကျဉ်းထဲကျပ်ထဲသို့ရောက်ရှိနေကြ၏။ထိုအိမ်
တော်သုံးအိမ်က ငယ်ရွယ်တဲ့ယောက်ျားလေးတွေကနာမည်
ကြီးကြသလို ထိုအထဲ မင်းအမိန့်စည်းက ပိုထင်ပေါ်ဆုံး၊အ
သက်ငယ်ဆုံးနှင့် အဆိုးဆုံးဘွဲ့ရသူပင်ဖြစ်လေသည်။

ဒီနေ့ကတော့ ထိုအိမ်တော်သုံးအိမ်ရဲ့တွေ့ဆုံမူဖြစ်သလို တိမ်
လွှာရဲ့ ကိုယ်ဝန်ကိုပါ လူအများကိုချပြအသိပေးခြင်းဖြစ်လေ
သည်။ထိုအကြံဥာဏ်ပါထည့်သွင်းလာရတာက သခင်မကြီးရဲ့
စဉ်းစားမူတွေဖြစ်လေ၏။

"ဒီလိုလိုက်ဖက်တဲ့ဘဝ..ပျော်စရာလောကကြီးက🎵"

"ညည်းနော်..ဒီလောက်လက်မလည်အောင်အလုပ်ရှုပ်နေတဲ့
ကြားက သီချင်းတအေးအေးနဲ့ ငြီးနိင်သေးတယ်နော်"

"ပျော်လို့ပေါ့..တွေးရင်းတောင်ရင်ခုန်မတတ်ပဲ..အဟီး"

"ဘာတွေများပျော်ဖို့ကောင်းလို့...လူတွေများလွန်းလို့အလုပ်
တွေလုပ်ရတာလည်းသေတော့မယ်"

"ဒီနေ့က တခြားအိမ်တော်နှစ်အိမ်က မိသားစုတွေအပြင်သ
ခင်လေးတွေကောပါလာကြမှာတဲ့..."

"အဲ့ဒါဘာဖြစ်တုန်း...တွေဆုံပွဲဆိုမှ လာကြတာဆန်းလား"

ဟု အိမ်စေမိန်းကလေးတွေက အလုပ်ရှုပ်နေတဲ့ကြားက
အတင်းပြော...စပ်စုဖို့လည်းမမေ့ကြ။သူတို့လေးတွေရဲ့မျက်
နှာထက်၌ ပင်ပန်းမူနဲ့နုံးချီမူတွေပျော်ဝင်နေသလို စိတ်လှုပ်ရှား
မူတွေပါ ရောယှက်နေလေသည်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now