လီယွန်နဲ့ဖိုးကံကောင်းတို့ကို လီယွန်ရဲ့ယောက္ခမကြီးနဲ့
ယောက်ဖနှစ်ယောက်က လက်ခံလိုက်ပြီဆိုပေမဲ့ နောက်ဆက်
တွဲအနေနဲ့ ကြုံဆုံရတာလေးကြောင့် နှုတ်ခမ်းတစ်တောင်
လောက်ဆူထော်နေရတဲ့ တစ်စုံတစ်ယောက်ကတော့ ဖိုးကံ
ကောင်းပင်။အမေဖြစ်သူက သားမက်ဖြစ်သူလီယွန်စတစ်လာ အနေနဲ့မြို့
ကိုမပြန်ခင် ဖိုးကံကောင်းကိုအိမ်မှာပဲ သားအမိတွေအတူနေ
ချင်တယ်ဟု ပြောသောကြောင့် သားမက်လေးက ကိုယ်ချင်း
စာမိတာမို့ ခွင့်ပြုခေါင်းညိမ့်ပေမဲ့ ပူပူနွေးနွေးလင်နဲ့ခွဲပါသည်
ဟုဆိုကာ မအေကို ကန့်လန့်ကြီးတိုက်နေတော့တာ။ပြန်ပါလာတုန်းကလည်း ပြန်ထည့်လိုက်တဲ့ လူကြီးကိုမေတ္တာ
တွေပို့ တကယ်မချစ်ပါဘူးဟုဆိုကာ စိတ်တွေကောက်ကာ
ငိုမဲ့မဲ့ဖြင့် ယက်ကန်ယက်ကန်လုပ်နေလို့ အကိုကြီးဗလက
လှမ်းမာန်လိုက်မှ ငြိမ်သွားတော့တာ ဒါတောင်အသံတိတ်က
ငိုနေသေး။သူ့လင်နဲ့ခွဲအိပ်ရတာ အမေတို့ကြောင့်တဲ့လေ...ဒါတောင် ကြားသာကြားလာခဲ့ရတာ ဒင်းက သားမက်ကလေး ပိုးပန်း
တာကို ခါးခါးသီးသီးငြင်းဆန်ပြီး မနေ့ကပဲ ခိုးရာလိုက်ပြေး
လို့သာပေါ့...မဟုတ်လို့ကတော့ စန်းရီတို့သားအမိတွေ ဖိုးကံ
ကောင်းကို အမိန့်တို့ရဲ့ အိမ်ခန်းထဲက အိမ်တိုင်ကြီးနဲ့အတူ
ထမ်းခေါ်လာခဲ့ရမယ်ဖြစ်ခြင်း...။"အပိုတွေမလုပ်နေစမ်းပါနဲ့ အငယ်ကောင်ရယ်"
"ဘာအပိုလုပ်လို့လဲဗျ"
ဟု ပြောလိုက်တဲ့အသံက ညှောင်နာနာရယ်။
"နင့်မလဲ အစကမကြိုက်မချစ်လို့သာပဲ၊ နင့်လင် မြို့ကိုပြန်
ရင်လိုက်သွားရမှာစိတ်ချ...အခုတော့ သားအမိတွေ ဘယ်ချိန်
ပြန်ဆုံရမလဲမသိတဲ့အချိန်တွေရှိလာနိင်တာမို့ အောင့်အီး
သည်းခံနေစမ်းပါ ငါ့သားရယ်..ပြော အမေ့နဲ့နင့်အကိုတွေကို
မချစ်ဘူးလား""ဟွန့်...အမေကလည်း မဟုတ်ကတွေမေးပြီကြည့်"
"ငါ့အသက်အရွယ်နဲ့ ပေါက်ကရလေးဆယ်ပြောနေမလားအေ
အေးပါ...မအေက သားအငယ်ဆုံးလေးမို့ မခွဲနိင်သေးလို့ အိမ်ပြန်ခေါ်လာတာကို တငိုငိုတရီရီနဲ့ လင်ပူကိုမိနေတာပဲ
တော်"
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL