Chapter...50

30.5K 1.5K 106
                                    

ကိုယ်လက်မအီမသာ ဖြစ်တယ်ဟုဆိုကာ အိပ်ရာထဲလဲနေတဲ့
တိမ်လွှာကို ဒေါ်မိုးသူဇာ စိတ်မကောင်းခြင်းများစွာနဲ့ ပြုစု
နေလေသည်။

"မနက်ဖြန် ဘာစားချင်တာရှိလဲ...စားချင်တာရှိရင်မေမေ့က်ု
ပြော"

"......."

"တိမ်လွှာ...သမီး...တိမ်လွှာမြင့်မိုရ်!"

"ဟင်...ဟင်!"

စိတ်နဲ့လူနဲ့မကပ်အောင်ဖြစ်နေသည့် တိမ်လွှာက ဒေါ်မိုးသူဇာ
ရဲ့အမေးကိုတောင်ကြားနိင်ဖို့ဝေးစွ။ သူ့အတွေးနဲ့သူ ခေါင်းထဲ
ပြည့်နှက်လွနိးလို့ ထိုအတွေးတွေကပင် သူမကို ကောင်း
ကောင်းကြီး ဒုက္ခပေးနှောက်ယှက်နေပါလေပြီ။

အခုလည်း စိတ်နဲ့ကိုယ် သတိပင်မကပ်နိင်လေတော့။

အမိန့်ကလည်း အများအလယ်မှာ သိသာထင်ရှားပြီး ချောမော
နေသလို ယောက်ျားပီသတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေ
တာမို့ သူမ ပိုင်ဆိုင်ရယူချင်မိတာ မှားနေသည့်အရာလား။

ဒါပေမဲ့ခက်တာက ဒီbody..ဒီ style ခန္ဓာကိုယ်အချိုးအ
စားကအစ မဒီလေးတွေ ယိမ်းယိုင်အညှာလွယိလောက်တာ
မို့ ထိုအထဲက လူတစ်ယောက်အဖြစ် တိမ်လွှာကဖြစ်နေရုံ
ပင်။

သခွပ်ရိုးကိုပဲ မျက်စီထဲ မြင်နေတဲ့အမိန့်ကို အနည်းငယိဒေါ
သပင်ထွက်မိလေသည်။ခဏတဖြုတ် ငြိတွယ်တာမျိုးမဟုတ်
လေလည်းမဟုတ်..သူမှသူဖြစ်နေတဲ့ အမိန့်ကိုပါ ရောအပြစ်
တင်ချင်မိလေသည်။

"ဘာလို့ခေါ်မကြားအော်မကြားအောင် အတွေးလွန်နေရတာ
လဲ...ဘာတွေတွေးနေတာလဲ"

"အမိန့်အကြောင်း"

"ခက်တာပဲကွယ်...နင့်ရဲ့စိတ်ထဲမှာ အဲ့ကောင်လေးအ
ကြောင်းခဏလေးတောင် မစဉ်းစားပဲနေလို့မရဘူးလား...
ကိုယ့်ဒုက္ခကိုယ်သိပ်ရှာတာကို အကောင်းထင်နေတယ်...
အခုထိမပျင်းသေးဘူးလား...နောက်အနာဂတ်အတွက်
တစ်ယောက်ယောက်ကိုပဲ သတ်သတ်မှတ်မှတ်ရွေးသင့်ပြီ"

"ဘာအတွက်လဲ...လက်ထပ်ဖို့လား"

"အေးလေ"

"အမိန့်ကလွဲရင် ဘယ်သူကိုမှလက်မထပ်နိင်ဘူး၊ သမီးအခု
လိုတွေ အပင်ပန်းခံနေရတာကလည်း အမိန့်ကိုပိုင်ဆိုင်ချင်လို့
ရယူချင်လို့....အနားရှိနေချင်လို့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now