မောင့်အမိန့်စည်းနဲ့ပတ်သက်ပြီး ကိုယ်ခဏစကားပြောပါရစေ
ကိုယ်မပြောတော့ဘူးလို့နေပေမဲ့ တချို့တွေက cmမှာပြော
ကြတာတွေရှိတယ်..အဲ့ဒါက မင်းအမိန့်စည်း ကိုအဆိုးမြင်တဲ့
ပုံစံတွေနဲ့ သူ့ရဲ့အကျင့်စရိုက်ကို ဝေဖန်နေတာတွေရှိလို့ပါ။အစကမပြောတော့ဘူးနေလိုက်တယ်...အခုကဘယ်လိုတွေ
ပြောလဲဆိုရင် အမိန့်ကဘာလို့အဲ့အကျင့်စရိုက်ရှိတာလဲ၊ သ
ခွပ်ရိုးအပေါ် စစတွေ့ချင်းမှာဘာလို့အဲ့လောက် ဆူငေါက်ဆဲ
ရတာလဲ အဲ့ဒါအပြင်ကိုယ့်ကိုပါ စာအရင်ဖတ်ပြီးမှရေးပါလား
အဲ့လိုပါပြောလာတာတွေရှိလာတယ်။ အမိန့်လိုပညာတတ်
တစ်ယောက်ကရိုင်းစိုင်းတယ်ပေါ့ဒီဇာတ်ကောင်ကအဲ့လိုမျိုး
ပြောတာတွေရှိတယ်မြင်လည်းမြင်တယ်။အဲ့တော့ကိုယ်ပြောချင်တာက မင်းအမိန့်စည်းက ပဲရစ်မှာမွေး
ခဲ့တဲ့သူဖြစ်ပြီးအဲ့မှာပဲ ကြီးပြင်းခဲ့တယ်..ပန်းရဂုံစံအိမ်ရဲ့တစ်
ဦးတည်းသော ယောက်ျားလေးမျိုးဆက်ဖြစ်ပြီး အရမ်းအလို
လိုက်ခံရတဲ့သူ...အိမ်တော်သုံးအိမ်ရဲ့အထင်ပေါ်ဆုံးသူတစ်
ယောက်၊ အဲ့တော့သူရဲ့စိတ်က ဟိုးအမြင့်ဆုံးမှာရှိတယ်၊ နိင်
ငံခြားမှာနေတဲ့သူမို့ ပွင့်လင်းစွာပြောတဲ့လေသံတွေရှိတယ်။
မာနကြီးပြီး ဘယ်သူမှားမှားမှန်မှန် သူမှန်ရင်မှန်တယ်လို့ထင်
တဲ့သူ။အမိန့်က 18နှစ်စွန်းစွန်း ဆယ်ကျော်သက်အရွယ်ပါ၊ သူ့မှာ
အများကြီးလွတ်လပ်စွာ နေထိုင်ပိုင်ခွင့်ရှိတယ်...သခွပ်ရိုး နဲ့
စတွေ့တဲ့အချိန်က ကွာရှင်းဖို့တခုတည်းသိတဲ့အပြင် လုံးဝမ
ချစ်သေးတဲ့အချိန်၊ အမြင်ကပ်နေတဲ့အချိန် စကားကိုကောင်း
အောင်မပြောသလို မိန်းကလေးဖြစ်စေ၊ယောက်ျားလေးဖြစ်
စေအမိန့်က သူပြောချင်ရင် အားမနာတမ်းပြောတတ်တဲ့စရိုက်
ပါလို့...ခပ်ချေချေနေတတ်တာလည်းပါပါတယ်။အများကြီးမပြောချင်ဘူး..မင်းအမိန့်စည်းကို အစကနေအခု
ထိဖတ်လာတဲ့သူက မင်းအမိန့်စည်းရဲ့အကျင့်စရိုက်ကိုသိ
လိမ့်မယ်။ဘယ်သူကိုမှဂရုမစိုက်လို့ သခွပ်ရိုးကိုခိုးပြေးသွားတာကို ဖတ်
မိကြမယ်ထင်ပါတယ်။ ဝတ္တုတခုအစအဆုံးရေးတာကမလွယ်
ကူပါဘူး...ဖတ်တဲ့သူကောရေးတဲ့သူကောအချိန်တွေပေးဆပ်
ရပါတယ်။ဒီဇာတ်ကောင်စရိုက်ကိုမကြိုက်ရင် မဖတ်ပဲနေ
လိုက်တာကအကောင်းဆုံးလို့ထင်ပါတယ်။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL