Chapter...17

46.7K 2.2K 81
                                    

စပါးပင်တွေကစိမ်းစိမ်းစိုစို လေပြေညိုညနေချမ်းကတအေး
အေးနဲ့ ရင်ဖိုအသည်းဖိုအောင် သိပ်ကိုအေးချမ်းနေပါတဲ့ ညနေချမ်းလေးကတော့ မောင်နဲ့ ရိုးကို ကြိုဆိုနေလေရဲ့။

လယ်ကန်သင်းတွေဖြတ်ရင်း မောင့်ဆီက စိတ်ပူလို့ ဘုငေါက်
ပြောခံရတဲ့စကားသံလေးတွေနဲ့ ရိုးမှာ မျက်နှာထားမျိုးစုံနဲ့
အရီးလေး တင်မြ တို့ရဲ့ တဲကလေးကို ခရီးဆိုက်မြိုက်စွာ
ရောက်လာပါတော့၏။

"အရီးလေး တင်မြ"

"ဟဲ့...ဘယ်သူတုန်း၊ လာလေ တဲထဲဝင်ခဲ့..မျက်နှာလေးဘာ
လေးပြပေါ့ကွယ်...အရီးလေးက အဝေးမှုန်ကွဲ့"

အရီးလေး တင်မြဆီက ခွင့်ပြုချက်ရသည်နှင့် တဲထဲကိုဝင်
ဖို့အရေး မောင့်ရဲ့မျက်နှာကို တရေးတယူ ကဗျာဖတ်သလို
ကမန်းကတန်း မကြည့်ရဲကြည်ရဲ ကြည့်လိုက်တော့ မောင်က
မျက်မှောင်ကြီးကုတ်လို့ အကြည့်ပြန်ခံရကာ ဝင်လေဆိုတဲ့
ပုံစံဖြင့် မေးငေါ့ပြ၏။

အမြဲတမ်း စံအိမ်ကြီးတမျှ၊ နန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့
အိမ်နဲ့ အနေအထားသိပ်ကို မိုးနဲ့မြေလိုကွာခြားလွန်းတဲ့ပတ်
ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာကြီးပြင်းခဲ့ပြီး ပညာတတ်အခု
မှအရွယ်ကောင်း၁၈နှစ်အရွယ်မောင့်က ယခုလိုအခြေအနေ
ကို ငြိုငြင်ပြီးချက်ချင်း လှည့်ပြန်သွားမှာတောင် ကြောက်မိ
လေ၏။

အို..ကြောက်ရတာလည်းမပြောနဲ့လေ...အရီးလေးတင်မြရဲ့
အိမ်က ရိုးတို့ရွာရဲ့ ဇရပ်လေးကအဖေလို့ပြန်တောင်ခေါ်လို့ပင်
ရနေတယ်...ကြည့်ဦး...ဓနိမိုး၊ထရန်ကာ မဟုတ်၊ ဓနိမိုး..ဓနိ
ကာ ဒါတောင်ဓနိတွေက ဆွေးချင်နေပြီ၊ ဒါကိုလည်း အပြစ်
လို့ဆိုလို့မရပြန်ဘူး..ဘာလို့လဲဆိုရင် ရွာမှာကဒီတိုင်းပဲလေ
မြို့ကြီးပြကြီးလို တိုက်တွေကားတွေနဲ့ ချဉ်ဖတ်ထည့်သိပ်သ
လို ကားဓာတ်ဆီနံအငွေ့တထောင်းထောင်းနဲ့မှမဟုတ်တာ။

လျှပ်စ်မီးတောင် မရှိတဲ့ တကယ့်ကို ခြုံကြားတောကြားကရွာလေး
တွေ...ဒီမှာက သိပ်အထူးအဆန်းမဟုတ်...ရိုးလို့။

ဒါပေမဲ့ မောင်ကတော့ စူးစမ်းသလိုနှင့် တအိမ်လုံးလိုက်ကြည့်
ကာ မရဲတရဲတတ်ထိုင်ပြီး အိမ်ခိုင်မခိုင်စမ်းကြည့်နေလေရဲ့။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now