"ဝုန်း"
အဆမတန်ကျယ်လောင်သော ကားတံခါးပိတ်သံကြောင့်
ပန်းရဂုံကအိမ်စေတွေအကုန်လုံး လုပ်လက်စအလုပ်တွေပင်
ရပ်တန့်သွားကြကာ အသံလာရာဘက်သို့ငေးကြည့်ကုန်ကြ
လေ၏။အားလုံးမှာလည်း မသိနားမလည်သောမျက်ဝန်းတွေ
အပြူးသားတွေနှင့် စံအိမ်ရဲ့အိမ်အပေါက်ဝသို့ စောင့်ကြည့်
လိုက်ကြလေသည်။ထိုစဉ် မားမားမတ်မတ်ကြီးဝင်ရောက်လာလေသူက မင်းအမိန့်စည်း။
"မင်းအမိန့်စည်း...မင်းအမိန့်"
ဒုန်းစိုင်းပင် ဘာတစ်ခွန်းမှစောင်းငဲ့ပင်ပြန်မပြော ဂရုပင်မမူပဲ
အိမ်အပေါ်ထပ်သို့ ဒေါနှင့်မောနှင့် ခြေလှမ်းကျယ်ကြီးများဖြင့်
လျင်မြန်စွာ တတ်သွားလေသည်။မြန်ဆန်လိုက်တဲ့ ခြေလှမ်း
သွက်သွက်တွေက တစ်စက္ကန့်ကိုဘယ်နှလှမ်းပင် လှမ်းလိုက်
လေသည်ပင်မသိ...လှစ်ခနဲ့ဆို အိမ်အပေါ်ထပ်ဆူံးလှေကား
ထစ်သို့ အမိန့်ရဲ့ခြေလှမ်းအဆုံးကရောက်နှင့်နေပြီ။အမိန့်ရဲ့ စိတ်ဆိုးဒေါသထွက်နေတဲ့မျက်ဝန်း၊အမူအယာနှင့်
မျက်နှာထားတို့က မည်မျှဒေါသထွက်နေမည်ဆိုတာ ရိပ်စား
မိလေသည့် ဒေါ်မြတ်ပန်းရုံကတော့ နာမည်ပင်အပြည့်အစူံ
မခေါ်လိုက်ရသေးခင် သူ့ဘေးနားဖြတ်သွားတဲ့ တူဖြစ်သူကို
ဒီတခါတော့စိတ်ပင်မဆိုးနိင်တော့...တိမ်လွှာကိုယ်၌က
လည်းအပြစ်လုပ်ထားတယ်မလား...သူမအနေနဲ့လည်း တိမ်
လွှာကိုကာကွယ်မှာမဟုတ်ချေ။ပန်းရဂုံရဲ့သွေးသားမျိုးဆက်ကို ထိခိုက်ဖို့လုပ်တဲ့တိမ်လွှာကို
သမီးအရင်းလေးလို ပြုစုပျိုးထောင်ခဲ့ပေမဲ့ ယခုလုပ်ရက်ကို
တော့လက်ခံနိင်စရာမရှိ။"ဒုန်း! "
"လာပြီလား"
"အဟက်! စိတ်ဝင်စားစရာကောင်းသားပဲ"
အခနိးတံခါးဆောင့်ဖွင့်သံနဲ့အတူ အခန်းတွင်း၌ ဟန်မပျက်
ထိတ်လန့်အံ့သြမူပင်မပြတဲ့ တိမ်လွှာက အပြူံးမပျက် အမိန့်
ကိုကြိုဆိုလိုက်ပါချေပြီ။ခပ်ထေ့ထေ့အပြုံးနဲ့ တစ်လုံးချင်းပြောလိုက်တဲ့ အမိန့်ကို
တိမ်လွှာ တငေးတမောကြီးနေကြည့်မိပြန်လေသည်။သူမကို
တန်ပြန်ကြည့်နေတဲ့ မျက်ဝန်းတွေက ဤမျှလောက်ဆွဲဆောင်
နစ်ဝင်မူရှိလိမ့်မည်ဟုမထင်ထားခဲ့..တစ်ကြိမ်တစ်ခါလေးမျှ
အကြည့်ချင်းဆုံချိန်တောင် အခွင့်မပေးခဲ့တဲ့အမိန့်ရဲ့ မျက်ဝန်း
နက်နက်တွေကို စူးစိုက်ကြည့်မိချိန်ခဏလေးက မှင်သက်မိ
နေမိလေ၏။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL