Chapter...37

24.6K 1.1K 61
                                    

နေသာတဲ့ မနက်ခင်းလေးတစ်ခုဖြစ်တာနဲ့အလျောက် မပူလွန်းမအေးလွန်းတဲ့ ခပ်နွေးနွေးနေရောင်ခြည်တွေက
ပန်းရဂုံရဲ့ ခြံဝန်းကြီးထဲကို အနေတော် အုပ်မိုးနေပါ၏။

မကြာခင် မိုးတွင်းရောက်တော့မှာဖြစ်သလို ပုန်းညက်ပန်း
တွေကလည်း ဖွေးနေအောင်ပွင့်တော့မှာပင်။ စိုစီ့စိုစီ့ အတွေ့
အထိကိုမကြိုက်ပေမဲ့ ရိုးအနေနဲ့က မိုးရာသီကို အလွန်အ
မင်းနှစ်သက်ခုန်မင်မိပြန်ပါကော။

"မောင်တို့ ပဲရစ်ကိုသွားလို့ရပြီ"

မပြောမဆိုနဲ့ လက်မြန်လွန်းတဲ့မောင်က အနောက်ကနေ ရိုး
ရဲ့ခါးသိမ့်လေးကို ထွေးပွေ့ဖက်လိုက်ကာ ပြောလိုက်တဲ့စကား
ကြောင့် ပြတင်းပေါက်ရဲ့အပြင်ဘက်ရှုခင်းကိုငေးနေတဲ့ ရိုးမှာ
အရှိန်ပြတ်ချင်ချင်...သို့သော်ငြား မောင် လို ဇွတ်လူဆိုး​လေး
ကို အပြစ်မမြင်သာ။

"ဘယ်လိုဖြစ်လို့လဲ"

"ပတ်စပို့ လုပ်ပြီးပြီလေ..ခင်ဗျားအတွက်"

မောင်က အသံမြှင့်ပြောလိုက်တာမို့ ရိုး ဇာတ်ပုဝင်သွားလေ
သည်။ ဟုတ်သား ရိုးနဲ့မောင်ရဲ့ ရင်သွေးလေးအတွက် ကြိုး
စားရမည်လေ...မောင်ကတော့ အားကြိုးမာန်တတ်။

"ရုတ်တရက်မို့ပါ...မောင်ရယ်"

"မပြောချင်တော့ဘူး ခင်ဗျားနဲ့လည်း"

"မဟုတ်"

ရိုးရဲ့ လေသံကသာမာန် ခပ်ပျော့ပျော့ဆိုပေမဲ့ မောင်ကစိတ်
က စိတ်တိုလက်မြန်သမားမို့ ထောင်းကနဲ့ ဖြစ်သွားမှာပင်။
ဖက်ထားတဲ့ လက်တွေကို ခါးကနေပြန်ရုတ်သိမ်း သွားတာပဲ
ကြည့်တော့။

"ဒေါက်..ဒေါက်!!"

"ဘယ်သူလဲ"

"သခင်မကြီးက ခေါ်ခိုင်းလိုက်လို့ပါ"

"ဘာကိစ္စလဲ"

"ဧည့်သည်ရောက်နေတယ်လို့ပြောတာပဲရှင့်...တခြားတော့
မမှာလိုက်ပါဘူး"

အလုပ်သမားကောင်မလေးက ခပ်မြန်မြန်စကားတွေကို
လက်ရည်မကျအောင် လက်တန်းပြောသွားပုံထောက် အမိန့်
ကို ကြောက်မှန်းသိသာနေ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now