Chapter...15

48.2K 2.5K 103
                                    

ညနေစောင်းအချိန်ရောက်တာနဲ့ သူနဲ့အတူ ရန်ကုန်မြို့ထဲ
ဆိုင်ကယ်ပတ်စီးမယ်ဆိုတဲ့ ကောင်လေးက ဒီမနက်နိုးလာ
တော့ ဘယ်ဆီများ ပျောက်သွားပြန်လဲမသိ။

ဒါတောင်ဖြင့် အကြွားထူသွားလိုက်သေးပုံများက မောင်က
မောင်ရဲ့ဆိုင်ကယ်နောက် ဘယ်သူကိုမှ တင်မစီးဖူးဘူးတဲ့
လေ...ကိုယ်မှာ ဟုတ်လို့လားဆိုတဲ့ သဘောနဲ့ မျက်လုံးလေး
ဝေ့ကြည့်တော့ ဒီကကောင်ကို ဘာမှတ်ဟုဆိုကာ နှာထိပ်ဖျား
လေးကိုဖျစ်ညှစ်ပြီး ကျီစယ်သွားသေး။

မောင်ကရီလိုက်ပါရင် ကြွေဆင်းသွားရအောင်ကို ဆွဲဆောင်မူ
ရှိလေ၏။ အပိုပြောတာမဟုတ် သွားစွယ်လေးတွေ ဂုတ်ထက်
ကျော်တဲ့ဆံပင်တွေ ဖြူလွန်းတဲ့အသားအရည်ကိုမှတတ်တူး
တွေနဲ့ဖုံးအုပ်ထားတဲ့လက်တွေ အချိုးအစားဖြောင့်မှန်တဲ့ခန္ဓာ
ကိုယ်နဲ့မြင့်မားတဲ့အရပ်၊ စမတ်ကျအောင်ဝတ်ဆင်တတ်တဲ့
မောင်က သူနဲ့ယှဉ်ရင် ဆီနဲ့ရေ၊ဖွဲနဲ့ဇကွဲပင်။

ဟုတ်သားပင်...ဘာလို့များချစ်မိသွားရတာလဲဟု မောင့်ကို
မမေးရသေး...ထိုအခါ ဘုဆတ်ဆတ်နဲ့ အရိုင်းဆန်ဆန်
မောင်က ဘယ်လိုအဖြေများတုန့်ပြန်လိမ့်မလဲဟု တွေးရင်း
ကြည်နူးနေမိလေသည်။

သို့ပေမဲ့ တပတ် ဆိုတဲ့အချိန်နေ့ရက်တွေက အတွေးထဲအစား
ထိုးဝင်လာပြန်တော့...

အို...သွားစမ်းပါ...မတွေးဘူး...ဟုတ်တယ်...လုံးဝကိုမတွေးဘူး...မစဉ်းစားဘူး။

"အဲ..အု"

"ကျွတ် ကျွတ်...သမီးလေး နို့စို့နော်...လိမ်မာတယ်သမီး
လေးက"

အတွေးစလေးဝင်လာချိန်မှာပင် နို့ဗူးကျွတ်သွားလို့ သူနို့စို့တာ
အရှိန်ပျက်ကြောင်း အသံပေးလာတဲ့သမီးက တကယ့်လူ
လည်မလေး...ဒါတောင်ပီစီလေးမိုလို့ ကြီးလာရင်တော့များ။

"မမလေးအရှင်...ဟို...ဟိုလေ"

"ဘာပြောမလို့လဲဟင်..သမီးလေးနို့တိုက်နေတုန်းမို့ တအောင့်နေမှ ပြောလို့ရလား၊ အရေးကြီးကိစ္စမို့လို့လား"

"ဟုတ်မယ်ထင်တယ်...သခင်မကြီးက အရေးတကြီးပုံစံနဲ့
မမလေးအရှင်ကိုအမြန်ခေါ်လာခဲ့လို့ပြောတယ်.."

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now