Chapter...52

29.4K 1.5K 97
                                    

"ဟင်းးး အာ့ ကျွတ်ကျွတ်"

ညီးညူသံ ခပ်ပြင်းပြင်းဖြင့် လူနာကုတင်ပေါ်၌ နိုးထလာတဲ့
တိမ်လွှာမြင့်မိုရ်...ဖျော့တော့နွမ်းလျနေသော မျက်ဝန်းအစုံ
ကိုတဖြည်းဖြည်း တွန်းဖွင့်ကာ နုံးချီလေးလံနေသော ခန္ဓာ
ကိုယ်ကိုလည်း အားမလိုအားမရ အရင်ဆုံးဖြစ်မိ၏။

နှုတ်ခမ်းပါးနှစ်ခုက ခပ်ခွာခွာ ဖွင့်ဟကာ ခံစားလိုက်ရသည့်
အမျိုးအမည်မသိတဲ့ နာကျင်မူကို ခေါင်းစဉ်တပ်၍ ညီးညူမိ
သည့်နောက်ဆုံး အဖြူရောင်မျက်နှာကြက်ဖွေးဖွေး၊ လျင်မြန်
စွာလည်ပတ်နေပါသော ပန်ကာတစ်ခုက အမြင်အာရုံကို စ
တင်မိတ်ဆက်လိုက်ပါ၏။

"မေ မေ...ဟင်"

"သမီး....တိမ်လွှာ သတိရလာပြီလား၊ ခဏစောင့်နော် ဆရာ
ဝန်ကိုသွားခေါ်ပေးမယ်"

"နေဦးမေမေ..ဘယ်လို..ဘယ်လိုဖြစ်ပြီး သမီးက ဒီအခန်းထဲ
ရောက်နေတာလဲ...ပြီးတော့...ပြီးတော့ တစ်ကိုယ်လုံးအားမ
ရှိသလိုဖြစ်နေရတာလဲ"

ညှင်းသွဲ့တိုးရှသော ခပ်တိုးတိုးလေသံလေးဖြင့် ပြောလိုက်လေ
သည်။

"သမီးတိမ်လွှာ...အဲ့ဒါကလေ"

"ဒီဆေးပိုက်တွေကကော ဘာအတွက်အဲ့လောက်အများကြီး
သွင်းထားတာလဲ...မေမေ ဘာတွေဖြစ်နေတာလဲ"

ရုတ်ချည်း တွေကြုံလိုက်ရသော မြင်ကွင်းကိုသာ ဖန်တစ်ရာ
ထပ်နေအောင်မေးနေလေပြီး ပြားချပ်နေပြီဖြစ်တဲ့ သူ့ဗိုက်
ကိုတောင်သတိမမူသေး။

"ဟင်းးးး မေမေ!!!!မေမေ!! ဗိုက်က ဗိုက်ကဘာလို့ပြားနေ
ရတာလဲ..."

အလန့်တကြားဖြစ်သွားသော လေသံ၊ခန္ဓာကိုယ်အမူအရာ၊
နားမလည်နိင်လေခြင်းတွေနဲ့ပြည့်နှက်နေသော ယောက်ယက်
ခတ်နေပါသောမျက်ဝန်းအစုံ...ဒါတွေဟာ တိမ်လွှာမြင့်မိုရ် ရဲ့
ဖြစ်ပျက်သွားလေတဲ့ တခဏအတွင်းအခြင်းအရာ။

"သမီးရဲ့ကလေး...ကလေးမရှိတော့ဘူး..မေမေကိုခွင့်လွှတ်
ပါ...အဲ့လိုမှမဟုတ်ရင် သမီးကိုပါဒုက္ခရောက်"

"မေမေ!!!ဘာလို့လဲ...ဘာလို့လဲ အီးဟီး...အားးးး"

သွေးရူးသွေးတန်းနဲ့ အော်ငိုရင်း အခန်းတွင်းတိမ်လွှာရဲ့အာ
ခေါင်ခြစ်အော်ဟစ်သံတွေက ဆူညံပွက်လောရိုက်စွာ၊ဘာကိုမှ
အတားအဆီးမရှိစွာဖြင့် သူမကစိတ်ရှိတိုင်း ထင်တိုင်းကြဲနေ
တဲ့ အရူးမလေးသဖွယ်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now