"ယောက်ျားဆိုတာ အလိုလိုက်သင့်တဲ့နေရာနဲ့အလိုမလိုက်
သင့်တဲ့နေရာဆိုပြီး ခွဲခြားထားရတယ် ရိုးလေးရဲ့"ထိုစကားအဆုံးမှာတင် ရိုး ခေါင်းလေးအသာငုပ်ကာ အတွေး
များစတင်နယ်ချဲ့နေပါပြီ။ အရီးဂွက်ထော်ကတော့ သွက်သွက်
လက်လက်မရှိပဲ ကြည်လင်ရွှင်မြပြီး အေးချမ်းတဲ့ ရိုးက အမြဲ
နုံတိနုံအလေးမို့ ယောက်ျားဖြစ်သူက သိပ်ကိုနိင်စားအနိင်ယူ
မှာကို စိုးရိမ်စိတ်ပူလို့တဲ့လေ။အခုကတော့ အရီးက မုန်တိုင်းပြီးလို့ တန်ဆောင်တိုင်လပြည့်
နီးကာနီး ရပ်ရွာက အပျိုမတွေကို အလှူမှာပါဝင်ဖို့ ဆော်သြ
ရင်း ရိုးရဲ့အိမ်ထဲကိုဝင်ကာ စကားဖောက်သည်ချနေပါ၏။အရီးဂွက်ထော်ကို အားကျမခံ အရီးလေးခင်သောင်း ကလည်း ဒီပုံစံဒီတစ်လေသံတည်း ထွက်လာတာမို့ ရိုး စိတ်
ပင်ညစ်ချင်သွားသည်။ရိုးနဲ့မောင်က ချစ်လို့ကြိုက်လို့ ရွာကိုထိခိုးပြေးလာခဲ့ကြတာ
မဟုတ်လား။ မေတ္တာရှိလို့ဆိုတာထက် မောင့်ကိုအဲ့ထက်ပို၍
ရိုးက ချစ်ခဲ့ရသူမို့ "အို ကိုယ့်ယောက်ျားအကြောင်းပါလာ
တော့လည်း ရိုးတို့များ နှလုံးသားက ဓာတ်လိုက်သလို ဆစ်ခနဲ့"။"အစ်မဂွက်ထော် ပြောတာမှန်ဆုံးစကားတွေပဲ...အစ်မရေ
အစ်မတော့မြင်နေတွေ့နေလို့သိပ်သိမှာမဟုတ်ပေမဲ့..ရိုးလေး
က သူ့ယောက်ျားကိုဆို သိပ်ကိုကြောက်ရတာ..သူယောက်ျား
က "ဟိတ်" ဆိုတာနဲ့ သူ့မှာ ငြိမ်ကုတ်သွားလိုက်တာများ
မျက်နှာလေးကိုညိုးလို့ ယောက်ျားက "ဒါ" ဆိုရင် တခြားတစ်
ခုကို သူမလုပ်ရဲ မလှမ်းရဲဘူး...အမလေး ကိုယ့်မှာသာမြင်ပြီး
သက်ပြင်းမောတွေပဲ ချနိင်တော့တယ်""သိတယ်သိတယ်...ကိုယ်တွေက မြင်ရုံနဲ့အထာနပ်ပြီးသား..
မုန်တိုင်းတိုက်တုန်းက ရွာဦးဘုန်းကြီးကျောင်းမှာ မိုးခိုကြတုန်း
ကတည်းက ယောက်ျားမျက်နှာတစ်ကမ္ဘာလုပ်နေတည်းက
ရိပ်မိနေတာ...ယောက်ျားတွေကို အဲ့လိုသွားလုပ်ပြနေရင် သူ
တို့ကပိုအကြိုက်တွေ့လေ...ပိုပြီးနိင်စားလေပဲရိုးလေးရဲ့""အဲ့...အဲ့လိုလည်းမဟုတ်ပါဘူး..မောင်က
"ကြည့်ကြည့်...အဲ့ဒါသာကြည့်ပေတော့ သူ့လင်ဆိုအထိကိုမ
ခံ၊အပြောကိုမခံတာ"
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL