"ဒုန်း! ဒုန်း! ဒုန်း"
ကြည့်...လူကိုလာနှောက်ယှက်နေပြန်ပြီ..ဘယ်သူကများ
လက်လာကမျဉ်းနေတာ...အေးအေးဆေးဆေးလည်းမနေ
ကပါလားနော်...။"ဘာလို့ လက်ကမျဉ်းကြောလာထနေတာလဲ"
"အောင်မယ်...လေသံကိုက...ဒီမှာသခွပ်ရိုး နင်ကိုတိမ်လွှာ
ခိုင်းတာတွေလုပ်ပေးဖို့ပြောတယ်လေ..အခု နင်ဘယ်လိုလုပ်
လိုက်တာလဲ""ဘာလုပ်နေလို့လဲ"
"နင်အပျင်းစိတ်နဲ့အပျင်းအလုပ်လုပ်တာတွေ တိမ်လွှာပြော
လို့သိပြီးပြီ...တိမ်လွှာပြောသလိုလုပ်လိုက်ရင် နင်အတွက်
ဘာများခက်ခဲသွားလို့လဲ...လုပ်ပုံကိုက ကြည့်လို့ကိုမရဘူး""ကြည့်လို့မရရင်မကြည့်နဲ့ပေါ့...ဘာလို့ခေါ်ခိုင်းနေသေးလဲ"
သူများလင်တွေရဲ့ အခန်းရှေ့မှာ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့
သံစုံတီးဝိုင်းလာတီးနေသလို အားမနာလျှာမကျိုးစိတ်ဓာတ်
တွေဖြင့် မဖြစ်စလောက်အလုပ်ကလေး မလုပ်ရကောင်းလား
ဆိုပြီး အခန်းရှေ့ထိ လာသောင်းကျန်းနေသူများကို သြချလို့
မဆုံး။တိမ်လွှာရဲ့ဥာဏ်နီဥာဏ်နက်တွေပင်ဖြစ်လိမ့်မည်...။
"တိမ်လွှာက ပန်းရဂုံရဲ့မျိုးဆက်ကို လွယ်ထားရတဲ့သူ..သိပ်
ကိုဂရုစိုက်ရမဲ့သူ..နင်နားလည်လား...သူခိုင်းတာဆို ကြည်
ကြည်ဖြူဖြူနဲ့လုပ်ပေးလိုက်ပါလား..ဒီမှာ တိမ်လွှာ စိတ်ချမ်း
သာဖို့ကအရေးကြီးဆုံးပဲ""အဲ့ဒါဆို ဒေါ်လေးတို့လုပ်ပေးလိုက်ပါလား...ပြီးတော့ခိုင်းရင်
လည်းရိုးရိုးတန်းတန်းမဟုတ်ဘူး..လူကိုမတရားနှိပ်စက်ချင်
နေတာ...လက်နဲ့လျှော်သလေးဘာလေးနဲ့""နင်မလုပ်လို့ရမလား...ပန်းရဂုံရဲ့ထမင်းကိုစားနေပြီးတော့
ကြည့်ပါလား...ငါ့ကိုတောင်ပြန်အာခံနေတာ"တိမ်လွှာရဲ့ မွေးစားအမေ ဒေါ်မြတ်ပန်းရုံက ရိုးရဲ့ စပ်စပ်ထိမ
ခံ..ဂျစ်ကန်ကန်ပေစောင်းစောင်း ပြောတာတွေကြောင့် စိတ်
ဆိုးကာ ဒေါသသံတွေတောင်ပါနေလေပြီ။"ဘယ်မှာစားနေလို့လဲ..မောင်ရှာကျွေးတဲ့ထမင်းစားနေတာ
ပန်းရဂုံရဲ့ထမင်းကိုစားနေတာမှမဟုတ်တာ...လူကြီးဖြစ်ပြီး
လိမ်မပြောနေနဲ့..."
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL