Chapter...48

25.5K 1.3K 66
                                    

"သူပဲ..အဲ့တစ်ယောက်"

"သူကယောက်ျားလေးလေ...ပြီးတော့ ဗိုက်ကဘယ်လိုလုပ်"

"လျှာကိုရှည်လိုက်တာ...ရှင့်ကို ကြည့်ခိုင်းရင်ကြည့်လို်က်၊
ဒါဆို အေးကောမဟုဘူးလား"

"မဟုတ်ပါဘူးရှင်...ထူးဆန်းလို့ပါ"

တိမ်လွှာရဲ့ ရတတ်မအေးနိင် ပူဆာမူကြောင့် ဒေါ်မိုးသူဇာမှာ
ဝမ်းဆွဲသည် လုပ်သက်ဆယ်နှစ်ရှိနေပြီဖြစ်တဲ့သူကို ပန်းရဂုံ
ကို တိတ်တဆိတ်ခေါ်လာပြီး သခွပ်ရိုးကို မမြင်ကွယ်ရာကနေ
ကြည်ရှုခိုင်းလေသည်။

အမြဲ စိတ်ပူပန်နေတဲ့ သမီးဖြစ်သူကိုလည်း မကြည့်ရက်၊ကိုယ့်
အပူကိုယ်ရှာပြီး မီးကိုခေါင်းပေါ်တင်ထားရလေခြင်းလို့လည်း
မဆူပူချင်...သူကပါတစ်ပြန် ကြိမ်းမောင်းလိုက်ရင်လည်း ပိုပြီးအခြေအနေဆိုးမှာ စိုးရိမ်ရသည်လေ။

"ထူးဆန်းတာနောက်ထား...ရှင်က အမြင်နဲ့တင် အထီးအမ
ခွဲတတ်တယ်ဆိုတော့ ဘယ်လိုလဲ"

"မိန်းကလေးပါရှင်...အမြွှာဖြစ်ဖို့များသလို ဗိုက်ထွက်တဲ့အ
လုံးအဝန်းဆိုဒ်ပုံစံလေးက မိန်းကလေးတွေပဲမွေးဖို့များတယ်
သူက ရှင်တို့နဲ့သိတဲ့သူလား"

"မဆိုင်တာတွေမမေးပဲ စကားမများနဲ့ ရှင်ခန့်မှန်းတာကျိန်း
သေပါတယ်နော်..."

"ကျိန်းသေပါတယ်..သူ့ဗိုက်ကို ကိုင်ကြည့်ပြီးစမ်းကြည့်ရင်
တော့ပိုပြီးပြောနိင်တာပေါ့"

"တကယ်ပြောနိင်တယ်လား"

ဟု မျက်နှာထားတင်းမာစွာနဲ့ လက်တဖက်က ဗိုက်ကိုကိုင်၍
ကျန်လက်တဖက်က ခါးကိုထောက်ကာ အတည်အကြည်ကြီး
ပြောနေတဲ့ တိမ်လွှာ။

"ဟုတ်ကဲ့"

"ကျွန်မသမီးဗိုက်က ယောက်ျားလေးမွေးနိင်တယ်မလား"

"ဒါပေါ့ရှင်...ကျွန်မကလိမ်စရာလား...လုပ်သက်10နှစ်နီးပါး
ရှိနေပါပြီ...ကျွန်မခန့်မှန်းပြီးပြောခဲ့တဲ့သူတွေ အကုန်မှန်ကြ
တာချည်းပဲ..."

ထိုစကားကို ကြားတော့ တိမ်လွှာက ကျေနပ်အားရပြုံးလေး
ပြုံးကာ ဗိုက်ကိုခပ်စိတ်စိတ်လေး ပွတ်သပ်လိုက်ပါ၏။ပိုပြီး
လည်း အားမာန်ပြည့်လာသလို ခံစားလာရပါ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Where stories live. Discover now