Chapter..51

32.4K 1.7K 199
                                    

"မင်းအမိန့်စည်း!...မင်းအမိန့်စည်း!"

မနက်အစောကြီး အခန်းတံခါးကို အပြင်းအထန်ဝုန်းဒိုင်းထု
နေတဲ့ အသံတွေကြောင့် အိပ်ရာမှထကာ တံခါးသွားဖွင့်လိုက်
လေသည်။

အချိန်ကြည့်တော့ မနက်6နာရီ ထိုးခါနီး...

"ဘာလာရှုပ်တာလဲ"

"ကြည့်စမ်းပါဦး..စကားပြောပုံကိုက..ငါတို့ကလည်းလာချင်
လို့လာတာမဟုတ်ဘူး...နင့်ယောက်ျား သခွပ်ရိုးကော"

"အိပ်နေတယ်"

"ကောင်းပါ့...ကောင်းပါ့...ပန်းရဂုံကို မနက်အစောကြီးရှုပ်ပွ
သွားအောင်လုပ်ထားပြီး ဒင်းကတော့အေးဆေးလေးအိပ်နေ
နိင်တယ်ပေါ့"

"ဘာအဓိပ္ပါယ်လဲ"

အမိန့်စည်း စိတ်မရှည်လေတဲ့အပြုအမူက မျက်နှာပေါ်၌ပေါ်
လွင်နေပါပြီ။ စကားရှည်ရှည်ဝေးဝေးမပြောတတ်တဲ့သူဖြစ်
တာကြောင့် သူ့နာမည်ကိုအော်ခေါ်ပြီး မျက်ကလူးဆန်ပြာ
ပြောနေတာကိုလည်း ကြည့်၍ပင်မရတော့။

သူက အလုပ်ချိန်များသလို စနေ၊တနင်္ဂနွေ ပိတ်ရက်အဖြစ်
အပတ်စဉ် ရတာမို့ အိပ်ရေးဝအောင်အိပ်ဖို့ စိတ်ပင်မကူးနိင်
စွာ ခေါင်းပင်သ်ပ်မကြည်ချင်..။

"ဒီမနက် ပန်းရဂုံရဲ့ဧည့်ခန်းမှာကော မီးဖိုချောင်နဲ့ ငါတို့အခန်း
ရှေ့ပါမချန်...သစ်ရွက်ခြောက်တွေနဲ့ စားကြွင်းစားကျန်တွေ
လာပုံထားတယ်...အဲ့ဒါဘယ်သူလက်ချက်လဲသိလား"

"ဘယ်လိုလုပ် သိမှာလဲ"

"သခွပ်ရိုး လက်ချက်...နင့်ရဲ့ချစ်လှစွာသော ယောက်ျားဖြစ်
သူရဲ့ စနစ်တွေ....ပန်းရဂုံရဲ့ CCTV တွေကိုသေချာစစ်ဆေးပြီးတော့မှ ငါကပြောရတာ..စွပ်စွဲနေတာမဟုတ်ဘူး"

"အရေးမပါတာ...ကိုယ်ဝန်ဆောင်သည်က သူလုပ်ချင်တဲ့
စိတ်ချမ်းသာမူကို လုပ်တာရေးကြီးခွင်ကျယ်လုပ်မနေနဲ့ ပန်းရ
ဂုံက အလုပ်သမားတွေကို ပြန်ရှင်းခိုင်းရင် ရနေပြီမလား...
ပြောခဲ့တာ မှတ်မိတယ်မလား...ကိုယ်ဝန်ဆောင်သည်ကို
စိတ်ချမ်းသာအောင်ထားရမယ်ဆိုတာ...ကျွန်တော်ယောက်ျား
ဘာလုပ်လုပ် ကြိုက်တယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)( Complete) Tempat cerita menjadi hidup. Temukan sekarang