Everyone is lonely sometimes ..... but I would walk thousand miles to see your eyes ...
ဟဲလို မလတ် ပြော ...
အေး နှင်းရေ မနက်ဖြန် နင်ရုံးပိတ်တယ်မလား ငါနဲ့ မကြီး အလှူတစ်ခုသွားစရာရှိလို့ .. မေမေ medical check up လုပ်ထားတာလဲ မနက်ဖြန်လာယူပြီး ဆရာဝန်နဲ့ တွေ့ရမယ်လို့ ဆေးရုံကဖုန်းဆက်လာလို့ နင်မေမေ နဲ့ လိုက်သွားပေးလို့ရလားအင်း ဘယ်အချိန်လဲ မနက်ပိုင်းတော့ အားပါတယ် ... မအားလည်းအားအောင် လုပ်မယ်ရတယ် ... မေမေ့ ကျန်းမာရေးကိစ္စပဲကို..
မနက်ပိုင်း ဆယ့်တစ်နာရီလောက်လေ သိပ်တော့မကြာလောက်ဘူး ထင်တာပဲ
ရတယ်လေ အိမ်ရောက်မှ ဆက်ပြောကြမယ် ဒါပဲနော်
ကျွန်မတို့ မိသားစုသည် ဖေဖေမရှိတော့သည့် နောက်ပိုင်း မေမေ့ကို တော်တော်ဂရုစိုက်ရပါသည် ၊ မေမေတစ်ယောက်ထဲ ရှိတော့တာ ဒီမေမေကိုမှ ဂရုမစ်ိုက်ရင် ဘယ်သူ့ကို စိုက်ရမှာ ....ရုံးပိတ်ရက်ဆို စောစောမထတတ်သည့် ကျွန်မ မနက်တော့ စောစောထပြီး မေမေ့နောက်လိုက်ရမယ် ဟု စဉ်းစားရင်း အိမ်ထဲဝင်လာရာ
ဟဲ့ .. နှင်းနင် မနက်ကျ စောစောထနော် ၊ မေမေ့နောက််လိုက်ရမှာ ... မေမေက နင့်ကိုပြန်စောင့်နေရအုံးမယ်
ကျွန်မစိတ်တိုသွားသည် ၊ ကျွန်မက်ို အဲ့လို ဆရာလုပ်တာလောက် ကျွန်မမကြိုက်ပါ ... ကျွန်မ ဆတ်ဆတ်ထိမခံတဲ့ မျက်နှာဖြင့် .....
နှင်း သိတယ် မလတ် ဘာမှဆရာလုပ်စရာ မလိုဘူး ၊ လူကိုဆရာလုပ်မယ်ဆိုတာချည်းပဲ ၊ ဒီအသက်အရွယ်ပဲ ရောက်နေပြီ ၊ ဒီလောက်တော့ သိတာပေါ့
အမလေး ဟုတ်ပါပြီ နှုတ်ခမ်းတလန် ပန်းတလန်
နဲ့ ရန်ပြန်တွေ့နေကျွန်မနဲ့ မလတ်သည် တည့်သည့်အချိန်ဆိုတာ နည်းလှသည် ၊မလတ်က ကျွန်မက်ိုဆို အရမ်းစနောက်သည် ၊ ကျွန်မက ကျွန်မကသာ စချင်တာ ကျွန်မကိုစရင် လုံးဝမကြိုက်ပဲ စိတ်ဆိုးပြီး ရန်ပြန်တွေ့တာကို သူသိပ်သဘောကျသည်။
မေမေက ဒီညီမနှစ်ယောက် အဲ့လိုနဲ့ ရန်ဖြစ်တော့မယ်ဆိုပြီး ဝင်ဟန့်လိုက်သည်။
မေမေ သမီး ပင်ပန်းလာလို့ အပေါ်တက်နားတော့မယ်နော်။
နောက်တစ်နေ့ မနက် ဆေးရုံလိုက်သွားရမည်ဖြစ်သဖြင့် ကျွန်မစောစောနိုးနေလေသည်။ ကော်လဂျင်တစ်ခွက်ဖြင့် တစ်နေ့တာကို အစပျိုးလိုက်လေသည်။
သမီးပြီးရင် မေမေတို့သွားရအောင် ၊ ဒေါက်တာက လူနာများတော့ ကိုယ့်အလှည့်ကျော်သွားရင် ပြန်စောင့်ရမှာကြာတယ်
ဟုတ် မေမေ ၊ အရင်က မေမေ check up လုပ်ပြီး ပြရတာ ညနေပိုင်းလားလို့လေ
ဟုတ်တယ် မေမေဆရာဝန်ပြောင်းလိုက်တာ ဒီဒေါက်တာက စိတ်ရှည်တယ် သဘောကောင်းတယ် သမီးရဲ့
မေမေက ရောဂါကြီးကြီးမားမား မရှိသော်လည်း ဆီးချို ၊ သွေးတိုး နည်းနည်းရှိသဖြင့် ဆေးခန်းပုံမှန်ပြပြီး check up က်ို မကြာခဏလုပ်လေ့ရှိသည်ကျွန်မတို့ ဆေးရုံသို့ ဝင်လာပြီး ဆရာဝန်ထ်ိုင်သည့် ဒုတိယအထပ်သို့ရောက်ပြီး ဆရာဝန် အခန်းထဲသို့ ဝင်ရန်စောင့်ဆိုင်းရင်း ဆရာဝန်မ နာမည်က်ို အမှတ်တမဲ့ ကြည့်မ်ိသည်။
ဒေါက်တာ မြသန္တာကျော် (M.B.B.S Yangon)
မေမေ ပြမယ့် ဆရာဝန်မ နာမည်က ဒေါက်တာ မြသန္တာကျော်လား
အေးဟုတ်တယ် သမီး
ကျွန်မကိုယ်တိုင်သာ ဆရာဝန်ဖြစ်လောက်အောင် စာမတော်ခဲ့ပေမယ့် မေမေပြမယ့် ဒေါက်တာက မြန်မာနိုင်ငံက ဆေးဘက်ဆိုင်ရာဘွဲ့ပဲ ရထား၍ ကျွန်မ စိတ်ထဲ အထင်သိပ်မကြီး မိတာတော့ အမှန်ပါ ....
ဒေါ်စံပယ်ဖြူ
မေမေ့အလှည့်ရောက်၍ ကျွန်မတို့သားအမိနှစ်ယောက် ဆရာဝန်မ အခန်းထဲသို့ ဝင်သွားကြလေသည်
ဝင်ဝင်ချင်း တွေ့လိုက်ရသော ဒေါက်တာလို့ခေါ်တဲ့ အမျိုးသမီးမှာ ကျောလယ်လောက်ရှိတဲ့ဆံပင်ကို နိမ့်နိမ့်စည်းထားပြီး မျက်နှာချိုချိုနှင့်အတူ လှပလွန်းတဲ့ အသားအရေကို ဦးစွာပထမမြင်လိုက်ရသည်
စိတ်ထဲက ဒေါက်တာက ခန့်လိုက် လှလိုက်တာ လို့တွေးနေစဉ် ..... Everyone is lonely sometimes ..... but I would walk thousand miles to see your eyes ... ဖုန်းသံ ကျွန်မအိတ်ထဲက ဖုန်းသံမြည်လာသည်
ဖုန်းသံကြားကြားချင်း ပထမဆုံးတွေးမိလိုက်တာက ကျွန်မ ဘာကြောင့်ဖုန်းကို silent မလုပ်ထားမိပါလဲ .. ကျွန်မ ဖုန်းကို အိတ်ထဲမှ ယူနေစဉ် ကျွန်မအကြည့်များသည် ဒေါက်တာဆီ ဦးစွာပထမ ရောက်ရှိသွားသည်
နှင့်တစ်ပြိုင်နက် ......အပိုင်းသစ်မျှော် ______________
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ