Part - 26

1.8K 87 6
                                    

ဒေါက်တာနဲ့ အဆက်အသွယ်မလုပ်ဖြစ်ကြတဲ့ ရက်တွေဟာ နေရတာ မပျော်မရွှင် ၊ သွေးအေးတဲ့အချိန် ရောက်တော့မှ ပြောခဲ့တာတွေက လွန်သွားမှန်း ဆင်ခြင်မိသည်။ နောင်မှရတဲ့ နောင်တတွေပေါ့၊ ဒီရက်ပိုင်းတွေ ဒေါက်တာကော နေကောင်းရဲ့လား၊ ခရီးကပြန်လာပြီး အရင်လိုပဲ အလုပ်တွေကို တက်ကြွစွာ လုပ်နေမှာလား၊ ကိုယ်ပါဝင်ပတ်သက်ခွင့်မရှိတော့တဲ့ သူ့နေ့ရက်တွေကို ကိုယ့်အတွေးလေးနဲ့ ဘာများလုပ်နေမလဲလို့ စဉ်းစားနေရတာ အမော။ သူကော ကိုယ့်လိုလွမ်းနေမလားလို့လည်း မျှော်လင့်မိသေး၊ လွမ်းနေမှာမဟုတ်လောက်ပါဘူး စိတ်နာနေမှာ လို့ တွေးမိိတိုင်း ရင်ထဲက တဆစ်ဆစ်နာ၊ စုနဲ့များ ပြန်အဆင်ပြေနေကြမလား လို့ စဉ်းစားမိတိုင်းလည်း မျက်ရည်က အလိုလိုကျလာ။ သူငယ်ချင်းတွေ အသည်းကွဲတုန်းက စိတ်ပျော့တဲ့သူတွေပဲ အသည်းကွဲကြတာလို့ ပြောခဲ့မိတဲ့ ဝဠ်ကိုကောင်းကောင်းကြီး လည်နေပြီ။ ဒေါက်တာနဲ့ Facebook မှာတော့ အခုထိ friends, သူက အက်တာတွေ သိပ်သုံးတာမှမဟုတ်တာ၊ fb မှာတင်ထားတဲ့ နောက်ဆုံးပို့စ်က ကိုယ်နဲ့ကလောမှာ ရှိတုန်းက ကိုယ်တိုင်ရိုက်ပြီးတင်ပေးထားတဲ့ သူ့ပုံလေး၊ အက်တုန်းက အချိန်တွေက သိပ်ပျော်စရာကောင်းခဲ့တာ အခုတော့ ကြေကွဲစရာတွေသာ။ Bunny Phyo ရဲ့

🎶🎶 ငိုမနေပါရစေနဲ့ ... ဒီဝဠ်ကြွေးတွေလည်း ကျေပါစေတော့ အချစ်ရာ မဆုံနိုင်မှာကို စိုးတာ ၊ ကိုယ်တစ်ယောက်ထဲပါပဲ တကယ်ချစ်ဖူးသူ ရင်ထဲ ၊ ကြာရှည် ဒီအလွမ်းထဲမှာ ရှင်သန်နေရန် မဖြစ်လို့ပါ 🎶🎶

သီချင်းနားထောင်ပြီး viber က ဒေါက်တာ့ last online လေးကို သွားကြည့်ရင်း စာပို့ဖို့ စာစီလိုက်ရင်း ၊ ပြန်ဖျက်လိုက်ရင်း ၊ စာစီလိုက်ရင်းနဲ့ နောက်ဆုံးတော့ မပို့ဖြစ်ဘဲ ပြန်ထွက်လာခဲ့ရသည်။ ညညတွေဆို အိပ်မပျော်ဘူး ၊ အိပ်ပျော်ရင်လည်း ခဏပဲ ၊ ပြီးရင်လန့်လန့်နိုးလာရော။ နိုးလာတိုင်း အတွေးက ဒေါက်တာနဲ့ဝေးကွာသွားပြီဆိုတဲ့ အသိ။ အတူအနားမှာ ရှိနေတုန်းက ဒေါက်တာ့ကို အက်လောက်ချစ်မိနေမှန်း ကိုယ့်ဟာကိုယ် မသိခဲ့ဘူး၊ ဝေးသွားတော့မှ ခံစားရတာ ရင်ဘတ်နဲ့တောင် မဆံ့။ ဖုန်းလာတိုင်းလည်း ဒေါက်တာ့ဆီကများလားလို့ မျှော်လင့်နေမိသေး။ အတွေးများစွာတွေးနေတုန်း Messenger မှ စာဝင်လာ၍ ကြည့်လိုက်ရာ ဇင့်ဆီမှ
" နှင်းရေ မနက်ဖြန်ကျ ငါတို့အိမ်သစ်တက်ပွဲ ရှိတာ နင်သွားလိုက်အုံးနော်"
"အေး နင်သတိပေးမှ ငါမေ့နေတာ၊ ငါ ပွဲပြီးခါနီးလောက်မှ သွားလိုက်မယ်"
"ဆက်ဆက်တော့သွားလိုက်နော် ၊ ငါမရှိလို့ နင်ကရောက်တောင်မလာဘူးလို့ မမလွင်က ပြောနေမှာစိုးလို့"
"အေးပါ စိတ်ချနော် ငါသွားလိုက်မယ်"
ဒေါက်တာနဲ့သာ အဆင်ပြေနေရင် အတူတူသွားကို သွားရမယ့် ပွဲမျိုးပေါ့။ သူက weekend ဆို ၁၁ နာရီလောက်ဆေးခန်းထိုင်ရတော့ အက်အချိန်လာမှာမဟုတ်တာကို သိလို့ တမင်ပွဲပြီးခါနီး အချိန်ရွေးသွားလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဒေါက်တာနဲ့ မတွေ့ချင်တာထက် ဒေါက်တာ့ဆီက စိမ်းကားတဲ့ အပြုအမူတွေ တွေ့ရာမှာကို စိုးရ်ိမ်မိလို့ မတွေ့မိအောင် အချိန်လွှဲ သွားလိုက်ရခြင်းဖြစ်သည်။ မမလွင်ကလည်း ဒေါက်တာနဲ့ အဆင်မပြေကြတာ သိထားမှာပဲ ၊ တွေ့ရင် ဘယ်တွေများ ပြောအုံးမလဲဟု စိတ်တော့အနည်းငယ်ပူမိသည်၊ ဇင့်မျက်နှာရှိလို့သာ အိမ်တက်ပွဲသွားရမှာ၊ စိတ်ကအတော်လေး အနည်မထိုင်သေးတော့ တစ်ခုခုဆို ပိုပြီးထိလွယ်ရှလွယ်ဖြစ်မှာ ကြောက်ရသည်။

မမလွင်တို့ အိမ်ရောက်တော့ ဧည့်သည်က အတော်ပင်ပါးနေပြီ ၊ ခြံထဲမှာတော့ ဒေါက်တာ့ကားကိုရှာပေမယ့် မတွေ့မိ ၊ ခုချိန်လောက်ဆို ဆေးရုံသွားလောက်ပြီလို့ တွေးရင်း အိမ်ထဲကိုဝင်လာခဲ့လိုက်သည် ......

အပိုင်းသစ်မျှော်  — - - - - -

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now