Part - 14

2.7K 121 4
                                    

ထမင်းစားသောက်ပြီးတော့ ဒေါက်တာက သူ့အိပ်ခန်းကို ခေါ်သွားသည်။ ဒေါက်တာ့အခန်းလေးက ရိုးရိုးရှင်းရှင်းလေးသာဖြစ်သည်။ နှစ်ယောက်အိပ် ကုတင်တစ်လုံးရယ် စာကြည့်စားပွဲလေးရယ် မှန်တင်ခုံလေးရယ်နဲ့ ဗီဒ်ိုတစ်လုံးရယ်သာရှိသည်။

စာကြည့်စားပွဲပေါ်မှာတော့ ဓာတ်ပုံလေးတစ်ပုံ သူများတွေလို နေ့ထူးနေ့မြတ်မှာ ရိုက်ထားတဲ့ပုံကို ထောင်ထားတာမဟုတ်ပဲ ဒီအတိုင်း ရယ်မောနေတဲ့ပုံလေးကို တစ်ယောက်ယောက်က လှမ်းရိုက်ပေးထားတဲ့ပုံလေး ....

"ဒေါက်တာပုံလေးက အသက်ဝင်လိုက်တာ ၊ ပုံထဲမှာ ဒေါက်တာရယ်နေတာ အပြစ်ကင်းစင်လိုက််တာနော်"

" ဒီပုံကကြာနေပါပြီ နှင်းရယ် ... တို့အက်အချိန်တုန်းက ဒီပုံလေးကိုကြ်ိုက်ပေးမယ့် အခုချိန်မှာ မကြိုက်တော့ပါဘူး တို့ပုံလဲမလို့ကို မအားသေးတာနဲ့ မလုပ်ဖြစ်တာ" ပုံကို ထုတ်ဖို့ကြိုးစားနေရင် ပြောနေလေသည်။

ကျွန်မလည်း ဒေါက်တာ့ရဲ့ ခါးလေးကို နောက်ကနေ ဖက်လိုက်ကာ ကျွန်မရဲ့မေးစေ့ကို ဒေါက်တာ ပုခုံးပေါ်တင်လိုက်ပြီး ...

" လဲဖို့မှမရှ်ိသေးတာ ဒေါက်တာရယ် ထားလိုက်ပါအုံး ဒါနဲ့ဒေါက်တာက ကြည့်လေလှလေ၊ ဆွဲဆောင်မှုရှိလေ ၊ ဒေါက်တာ့ကို နှင်းသိပ်ချစ်တာပဲ" ပြောရင်း ပါးလေးကို အနမ်းလေးတစ်ချက် ပေးလိုက်သည် ... ဒေါက်တာက ခေါင်းလေးက်ို လှည့်လာတော့ ဒေါက်တာ့ကိုယ်လေးကို ကျွန်မဖက်လှည့်လိုက်ပြီး
ဒေါက်တာ နှုတ််ခမ်းလေးတွေကို လက်မဖြင့် ပွတ်ရင်း
"နှင်း နှုတ်ခမ်းလေးကို နမ်းလို့ရမလားဟင်"
" ခွင့်တောင်းစရာမလိုပါဘူးကွယ်"
" မြတ်နိုးလွန်းလို့ပါ ဒေါက်တာရယ်"
ဒေါက်တာ့ရဲ့ နှုတ်ခမ်းပါးလေးတွေကို အစိုဓာတ်လေး အချိန်တော်ကြာအောင် ပေးမိလိုက်မိသည်။ ခဏနေတော့ ဒေါက်တာက
" မီးလေးကို တို့ချစ်တယ်" တဲ့
" မီးလေး တဲ့ ကျွန်မ နားတောင်ကျွန်မ မယုံနိုင်ဘူး ဒေါက်တာရယ်"
" တို့ မီးလေးကို အစကတည်းက မီးတို့ မီးလေးတို့ မီးမီးလေး တို့ ခေါ်ချင်နေခဲ့တာ ၊ မီးက ကလေးလေးနဲ့ တူလွန်းလို့ တို့မျက်စိထဲမှာ"
" အာ့ဆို ဒေါက်တာက တို့တို့ လို့ မီးနဲ့ ပြောရင်ကော ပြောနေမှာလား"
"အက်တာက တို့က အကျင့်ဖြစ်နေလို့လေ ၊ မီး မကြိုက်လို့လားဟင်"
" အစကတော့ သူစိမ်းဆန်သလို ခံစားရပေမယ့် အခုတော့ ဒေါက်တာ့ ဟောဒီ နှုတ်ခမ်းဖျားက ထွက်သမျှ ဘာစကားမဆို မီး ကြိုက်တယ်"
" မီး ကကော တို့ကို ဒေါက်တာ ဒေါက်တာ လ်ို့ပဲ ခေါ်နေမှာလားကွယ်"
ကျွန်မ ဆံပင်လေးတွေကို နားကြားထဲ ညှပ်ပေးရင်း ဆိုလာပြန်တယ် ...
" မီးက ဒေါက်တာကို ဒေါက်တာလို့လည်းခေါ်ချင်တယ် ဘာလို့ဆို မီး ချစ်သူက ဒေါက်တာမို့ မီးဂုဏ်ယူလို့ ၊ မေ လို့လည်း ခေါ်ချင်မိပြန်ရော မြတ်နိုးတန်ဖိုး ထားရလွန်းလ်ို့ ၊ ထပ်ပြီးတော့ သဲလေး လို့လည်း ခေါ်ချင်ပြန် အသဲပေါက်ထွက်မတတ် ချစ်ရလွန်းလို့"

" ချစ်လိုက်တာ တို့မီးလေးကိုကွယ်" ရွှတ်ခနဲ ကျွန်မ ပါးလေးကို နမ်းလိုက်ပါတော့သည်။

ကျွန်မ မျက်နှာလေးကို တဖွဖွကိုင်နေတုန်း ဒေါက်တာ့ဆီကို ဖုန်းဝင်လာပါသည်။ ဒေါက်တာက မှန်တင်ခုံပေါ် တင်ထားတဲ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ကျွန်မလည်း ဖုန်းကိုကြည့်လိုက်ကာ "ဆု" ဆိုသော contact မှတ်ထားတဲ့ ဖုန်းဝင်လာသည်။ ပြီးနောက် ဒေါက်တာက ကျွန်မကို တစ်ချက်ကြည့်ကာ " အရေးမကြီးလို့ မကိုင်ဘူးတော့ရတယ် ၊ တို့မီးလေး ဘယ်သွားချင်လဲကွယ်" ကျွန်မ ဆံပင်လေးတွေကို သပ်ပြီး မေးနေရှာသည်။ အမြဲတမ်း ဒေါက်တာက ကျွန်မကိုကြည့်တိုင်း ရီဝေတဲ့မျက်လုံးလေးတွေနဲ့။ အဲ့မျက်လုံးတွေကို ကျွန််မ မူးယစ်ဆေးလို စွဲလန်းမိနေတော့သည်။

" နှင်း ဒေါက်တာနဲ့အတူ ဘုရားသွားချင်တယ် ဒေါက်တာ။ ဘုရားအတူတူသွားပြီး ကုသိုလ်ကောင်းမှုအတူတူလုပ်ရင် နောက်ဘဝရေစက်ဆုံတယ် ကြားဖူးလို့ သွားချင်တာလည်းပါတယ်"

" တို့လိုက်ပို့မှာပေါ့ မီးရဲ့ ခဏနေ နေအေးရင် သွားကြတာပေါ့၊ ဒါဆို တို့ ဖုန်းခဏသွားဆက်လိုက်အုံးမယ်" ဖုန်းလေးကို ကောက်ကိုင်ပြီး အခန်းအပြင်ဘက်ကို ထွက်သွားလေည်။

ကျွန်မ စိတ်ထဲ ဝမ်းနည်းမှုနဲ့အတူ သံသယစိတ်တစ်ချို့ကိုပါ ခံစားလိုက်ရသည်။ ဘယ်သူမို့လို့များ ဒေါက်တာက ငါ့ရှေ့မှာ မပြောနိုင်ရတာလဲ ၊ ပြီးရင် ဒေါက်တာက မန္တလေးမှာလည်း တာဝန်ကျဖူးသေးတယ်တဲ့ ၊ ငါ ဒေါက်တာနဲ့ ပတ်သက်ရင် မသိတာတွေ တော်တော်များနေသေးတာပဲ။

အမှန်ဆို ခုန ကျွန်မရှေ့မှာ ဖုန်းမပြောတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မဒေါက်တာ့ကို စိတ်ဆိုးစိတ်ကောက် လိုက်ချင်ပါတယ်၊ ဒါပေမယ့် ကျွန်မ မလုပ်နိုင်ပါ ၊ ဒေါက်တာနဲ့ကျွန်မ ကြည်နူးစရာလေးတွေကို ကျွန်မခုလိုမျိုး စိတ်ဆိုးစိတ်ကောက်လုပ်ပြီး မဖျက်ဆီးနိုင်ပါ။ နောက်တစ်ချက်က အခုလို စတွဲတွဲချင်းမှာ ကျွန်မ ဒေါက်တာ စိတ်ပျက်အောင် မလုပ်ချင်ပါ။

ခဏကြာတော့ ဒေါက်တာဝင်လာပြီး " မီးရယ်၊ ဆောရီးပါ ၊ တို့ဖုန်းပြောတာ နည်းနည်းကြာသွားတယ်"
" ရပါတယ် ဒေါက်တာရယ် ၊ နှင်းတို့ သွားကြမလား"
" မီးကလည်း တို့က မီးလို့ခေါ်နေတာ မီးကလည်းကိုယ့်ကိုကိုယ် မီး လို့ပြောမှပေါ့ ၊ ဘာလို့ သူစိမ်းဆန်နေတာ" ကျွန်မ နှာခေါင်းထိပ်လေးကို သူမလက်နှစ်ဖက်နဲ့ ညှပ်ပြီး စသလို လုပ်နေတော့သည်။

အပိုင်းသစ်မျှော် ___________

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now