ဆေးရုံကိုရောက်တော့ ဒေါက်တာအခန်းဆီကိုသွားရာအခန်းတံခါးကပိတ်ထားသည့်အပြင် ဘယ်လူနာမှလည်းရှိနေတာမတွေ့ရလို့ အနားမှဖြတ်သွားတဲ့ သူနာပြုဆရမလေးအား
"ညီမလေးရေ ဒေါက်တာ မြသန္တာကျော် ဆေးခန်းမထိုင်ဘူးလား၊ ဒီနေ့သူထိုင်မယ့်နေ့မလား"
"အော် ဟုတ် မမ၊ ဒေါက်တာက နေမကောင်းလို့ ဆေးခန်းမထိုင်ဖြစ်တာ သုံး၊လေးရက် ရှိနေပြီ"
"ဟုတ်လား ကျေးဇူးပဲနော် ညီမလေး"သူနာပြုဆရာမလေးက ဒေါက်တာနေမကောင်းဘူးပြောတော့ ရင်ထဲအတော်ထိတ်သွားသည်၊ မမလွင်က ဒေါက်တာနေမကောင်းတာ နည်းနည်းလေးတောင် မပြောဘူးလို့ မဆိုင်တဲ့သူကို စိတ်တိုမိလိုက်သည်။ ဆေးရုံမှာ မရှိရင် အိမ်မှာတော့ရှိမှာပဲ လို့တွေးမိ၍ ဒေါက်တာအိမ်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
ဒေါက်တာ့အိမ်သို့ သွားနေတဲ့ လမ်းတစ်လျှောက် စိတ်ပူပြီး ဒေါက်တာက ခွင့်မလွှတ်မှာကိုလည်း စိုးရိမ်နေသဖြင့် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီး ကားကိုသေချာအာရုံစိုက်၍ မောင်းနေရသည်။ခြံထဲကိုဝင်လိုက်တာနဲ့ ဒေါက်တာ့မေမေက သစ်ပင်တွေ ပျိုးနေရင် လှည့်ကြည့်ရာ ကျွန်မကိုမြင်သွားသောအခါ .....
"ဟယ် သမီး နှင်း အိမ်မလာတာတောင်ကြာပြီနော်"
"အန်တီက သမီးကို မှတ်မိနေသေးတာပဲ၊ သမီးကမေ့နေပြီ ထင်တာ"
"မေ့စရာလား သမီးရယ် ၊ လူချင်းမတွေ့ရလည်း မိမြက သမီးအကြောင်းအမြဲပြောနေတာ ၊ အန်တီ့မှာ မကြားချင်မှ အဆုံးသမီးရဲ့"
"ဟုတ် အန်တီ ဒေါက်တာနေမကောင်းဘူးဆိုလို့ လာကြည့်တာ"
"ဟုတ်တယ် သမီးဒေါက်တာက ခရီးကပြန်လာကတည်းက တစ်ရှောင်ရှောင်နဲ့ မျက်နှာလည်းသိပ်မကောင်းဘူး"
"ဟုတ်လား သမီးဝင်သွားကြည့်လိုက်အုံးမယ်နော်အန်တီ သူ့အခန်းထဲမှာပဲမလား"
"အေး ဟုတ်တယ် သမီးဝင်သွားလိုက်"ဒေါက်တာ့အခန်းနားနီးလေလေ သီချင်းသံ သဲ့သဲ့ကြားရလေ... အခန်းရှေ့ရပ်လိုက်တော့ ဒေါက်တာ့အခန်းထဲက လာတဲ့သီချင်းသံကို သေသေချာချာကြားနေရသည်၊ တံခါးခေါက်ပြီး ဝင်ခွင့်တောင်းမလို့ စဉ်းစားနေတုန်း အတွေးတစ်ခုဝင်လာသည် ၊ ငါခွင့်တောင်းလိုက်လို့ ငါမှန်းသိသွားရင် ပေးဝင်ပါ့မလား ၊ ငါနဲ့သူနဲ့က တစ်စိမ်းတွေမှ မဟုတ်တာ ခွင့်တောင်းစရာမလိုပါဘူးလို့ ဆုံးဖြတ်လိုက်ပြီး တံခါးကိုဖြည်းဖြည်းလေးဖွင့်လိုက်ရာ ကျော့ရှင်းလွန်းလှတဲ့ ခန္ဓကိုယ်လေးက တံခါးဖက်ကိုကျောခိုင်းပြီး ကုတင်ပေါ်မှာ ဆံပင်လေးကိုတစ်ဖက်သို့ အကုန်သိမ်းပြီး အိပ်နေရှာသည်။ ဖွင့်ထားတဲ့ သီချင်းလေးက
🎶🎶 မဝေးရဲဘူး နီးနီးလေးနေပါ ၊ ပြန်တည်ဆောက်ကြမယ်လေ တို့နှစ်ယောက်အိပ်မက်များ 🎶🎶🎶 ကျွန်မလည်း သီချင်းလေးကိုပိတ်လိုက်ပြီး ဒေါက်တာ့အနားကပ်ကာ "မဝေးရတော့ပါဘူးဟု" တိုးတိုးလေးဆိုရင်း သူ့အိပ်ရာဘေးမှာ ထိုင်လိုက်တော့ သူရဲ့မျက်လုံးလေးတွေပွင့်လာပြီး ကျွန်မကိုဝိုင်းစက်သော မျက်လုံးလေးတွေဖြင့် အံ့ဩစွာ ကြည့်ရင်း ထိုင်ထလိုက်ပါတော့သည်။"မင်းဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
" ဒေါက်တာရယ် ဖြစ်ပြီးသမျှ ကိစ္စတွေအားလုံးအတွက် သမီးတောင်းပန်ပါတယ်နော်၊ သမီးကိုခွင့်လွှတ်ပါ၊ သမီးဒေါက်တာမရှိပဲ မနေနိုင်ဘူး" ဟု ဒေါက်တာအိပ်ရာပေါ်မှာ ဒူးထောက်ပြီး ငိုယိုနေလိုက်သည်။ ဒေါက်တာက တစ်မိနစ်လောက် ကျွန်မကို သေချာစိုက်ကြည့်ပြီး ခဏအကြာ...
"ငိုမနေပါနဲ့တော့ကွာ ၊ မင်းငိုရင် တို့ရင်တွေနာကျင်ရလွန်းလို့ပါ ၊ တို့ဆီလာပါအုံး ကလေးရယ်" ဆိုကာ ကျွန်မကို သူ့ရင်ဘတ်ထဲ ဆွဲသွင်းလိုက်ပြီး ကျွန်မကျောကုန်းလေးကို ပွတ်ပေးနေရှာသည်။
"သမီးကိုခွင့်လွှတ်တယ်မလား ဒေါက်တာ"
"ဪ သမီးရယ် အစကတော့ စိတ်ဆိုးမိပေမယ့် ချစ်တော့လည်း ခွင့်လွှတ်ရတာပေါ့ကွယ် ၊ အပြစ် အနာ အဆာတွေရှိရင် အချစ်နဲ့ပြင်ဆင်ရမှာပဲလေ"
"ဒေါက်တာက စိတ်ထားကောင်းလိုက်တာ သမီးကလေ သမီးကို နာကျင်မုန်းတီးနေပြီလို့ ထင်ထားမိတာ"
"အမလေး စိတ်ထဲကနေတောင် စိတ်မကွက်မိတာ၊ မုန်းတီးဖို့ဆိုတာ ဝေးလာဝေး ၊ အက်တုန်းက တို့မကြိုက်တဲ့လူနဲ့ တွေ့နေလို့ တို့ကပိုစိတ်ဆိုးသွားတာပါ၊ ဒီကြားထဲ မင်းကလည်း အဆက်အသွယ်မလုပ်တော့ မင်းကတို့ကို စိတ်မရှိတော့ဘူး ထင်မိလို့ပါ"
"အက်လိုဖြစ်စရာလား ဒေါက်တာရယ် သမီးက ဒေါက်တာကို ဘယ်လောက်ချစ်ပြီး မြတ်နိုးသလဲဆိုတာ ဒေါက်တာမသိတာကြလို့"
"အင်းပါ ကလေးလေးရယ် အခုတော့တို့တွေ အေးချမ်းရပါပြီနော်"
"နေပါအုံး ဒေါက်တာက ဘယ်လိုဖြစ်ပြီး ဖျားရတာတုန်း"
"အော်ကွယ် ဘေးနားမှာ ဂရုစိုက်ပေးမယ့်သူ ခဏမရှိတော့ ကျုပ်ကဖျားတာပေါ့"
"သမီးနောက်ဆို ဒေါက်တာ့ဘေးက ဘယ်မှမသွားတော့ဘူးနော်" သူ့နဖူးလေးအား အနမ်းလေးခြွေရင်း ပြောလိုက်လေတော့ သူပြုံးရှာသည်။ နဖူးလေးကိုနမ်းပြီး ပါးလေးကို နမ်းမယ်ကြံတော့ သူမက ချက်ချင်း
"တို့ မေမေ မြင်သွားရင် မကောင်းဘူးကွာ၊ သိပ်မဆိုးနဲ့"
"ဒီည ဒီမှာပဲအိပ်လိုက်မလားလို့၊ ဒေါက်တာနေမကောင်းတော့ ကိုယ်ဖိရင်ဖိ ပြုစုချင်လို့လေ"
"မင်းသဘောလေ အိပ်ချင်ရင်အိပ်ပေါ့ အိမ်ကိုတော့ အသိပေးလိုက်အုံး" တဲ့ ဘယ်လောက်များ ကျွန်မကို လွမ်းနေရှာလဲ မသိပါဘူး ....ဇာတ်သိမ်းပိုင်းမျှော် ........
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ