Part - 16

2.5K 91 4
                                    

' မြ' ခေါ်သံကိုလှည့်ကြည့်ပြီး ခဏဆိုကာ ထိုအမျိုးသမီးရှိရာ နေရာသို့ ပြေးမတတ် ထွက်သွားပါသည်။

" အော် ... ဒေါက်တာရယ် သူနဲ့ဘယ်လို ပတ်သက်နေခဲ့လို့ အခုလိုမျက်စိမျက်နှာပျက်ပြီး ထသွားရတာလဲဟင်" ၊ တဖက်က အမျိုးသမီးကိုကြည့်မိပြန်တော့ ဒေါက်တာ့ကို ကြည့်နေတဲ့ မျက်လုံးတွေက အသက်ပါနေလိုက်တာ ကြည့်နေရင်း တစ်ခဏအတွင်း ကျွန်မက သူတို့နှစ်ယောက်ဘေးဆီသို့ ရောက်သွားကာ ....

"ဒေါက်တာတို့ကြာမယ်ဆို နှင်း ကိုယ့်ဘာသာ ပြန်လိုက်မယ်လေ နှင်းကိုအားမနာပါနဲ့"
" နှင်း ရယ် မကြာပါဘူး အခုပြီးပါပြီကွယ်"
ကျွန်မ မျက်နှာပျက်နေလို့ စိတ်ပူပြီး ပျာပျာသလဲ ဖြစ်သွားတဲ့ အမူအရာကို တွေ့တော့လည်း စိတ်မဆိုးရက်နိုင်ပါဘူး
ကျွန်မတို့ အဲ့ဒီအမျိုးသမီးရှေ့က လှည့်အထွက်မှာ ...
"မြ သူကယောဂ သင်တန်းက ညီမလေးလား"
"ဟုတ်တယ် ဆု ... သွားပြီနော်" ဟုသာ ဒေါက်တာက စကားကိုဖြတ်ချပြီး ထွက်လာခဲ့လေသည်။

ကျွန်မတို့ အိမ်အပြန်လမ်းက စကားသံ တစ်စိုးတစ်စိမျှ မထွက် တိတ်ဆိတ်ငြိမ်သက် လျက်ရှိပါသည်။ ကျွန်မလုပ်ရပ် ရိုင်းများသွားလေသလား ၊ ကျွန်မကို ဒေါက််တာက စိတ်ဆိုးသွားတာလား၊ သူတို့နှစ်ယောက်ကကော ဘယ်လိုများပတ်သက်နေကြတာလဲ၊ အဲ့ဒီအမျိုးသမီးကကော ကျွန်မကိုဘယ်လိုသိနေတာလဲ ၊ ဟုတ်ပြီ ဒီမေးခွန်းကိုတော့ ငါ ဒေါက်တာ့ကို မေးလို့ရတာပဲ

"ဒေါက်တာ အခုန အမျိုးသမီးက နှင်းကို ဘယ်လိုသိနေတာလဲဟင်"
"အမယ်လေး မီးရယ် တို့ဖြင့် မီးများ စိတ်ဆိုးသွားသလားလို့ စိတ်ပူနေတာ ၊ သူက တို့မန္တလေးမှာ တာဝန်ကျတုန်းက သိကျွမ်းခဲ့တဲ့ သူနာပြုဆရာမပါ"
"အာ့ဆို ဒေါက်တာနဲ့သူနဲ့က အမြဲအဆက်အသွယ်ရှိနေကြလို့ ၊ သူက သိနေတာလား၊ ပြီးရင်သူက ဒေါက်တာ ဓာတ်ပုံပြဖူးတဲ့ ဒေါက်တာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေးယောက် ထဲကလည်း မဟုတ်ဖူးလားလို့"
"အော် မီးရယ် အက်တာက သူနဲ့က ဟိုတစ်လောက ဖုန်းပြောဖြစ်သွားလို့ မီးအကြောင်းပါသွားတာပါ ၊ သူများအကြောင်းတွေ ပြောမနေပါနဲ့တော့ အခု မီးဘယ်သွားချင်သေးလဲ"
"ဟင့်အင်း မသွားချင်တော့ဘူး အိမ်ပဲပြန်လိုက်ပို့ပေးနော်"
"မီး သဘော" ဆိုရင်း ကျွန်မလက်ကို လှမ်းယူလိုက်ပြီး သူ့ပေါင်ပေါ်တင်ကာ ကားဆက်မောင်းနေလျက် ကျွန််မစိတ်တွေက ဘယ်လိုမှ ကြည်မနေသေးဘူး ... ဒေါက်တာတို့ တစ်ခုခုပတ်သက်နေတယ်ဆိုတာ သိနေသလိုလို ဘယ်လိုမှန်းမသိတဲ့ စိတ်ခံစားချက်ပေါင်းများစွာနဲ့ ....
"ဒေါက်တာ နှင်းကို မီး လို့ မခေါ်ပါနဲ့တော့၊ ဒေါက်တာ အက်လိုခေါ်ပြီးကတည်းက နှင်း စိတ်မကျေနပ်စရာတွေနဲ့ မီးလိုပူနေရတယ် နှင်းစိတ်က" အမှန်တစ်ကယ်တော့ ဆိုင်တော့လည်းမဆိုင်နေပါ ဒါပေမယ့် ငယ်ငယ်ကတည်းက တစ်ခုခုအသစ်အဆန်းနဲ့ကြုံပြီး စိတ်မပျော်ရွှင်ရဘူးဆို အဲ့အရာကိုဆက်မလုပ်တော့တာပဲ၊ အင်္ကျီအသစ်ဝတ်တဲ့နေ့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆို နောက်ဘယ်တော့မှ အဲ့ဒီအင်္ကျီကို မဝတ်တော့တာမျိုးတွေပေါ့
" အော် နှင်းလေးရယ် ဒေါက်တာက အဲ့လိုဖြစ်စေဖို့ မရည်ရွယ်ပါဘူးကွယ် ၊ နှင်း မကြိုက်ရင် မခေါ်တော့ဘူးနော် ၊ ဟုတ်ပြီလား"
"အင်းပါ"
"တို့ကိုပြုံးပြပါအုံးကွယ်"
ကျွန်မကို စိတ်ရှည်ပြီး ချစ်ပေးတဲ့ ဒေါက်တာကို ကျွန်မ ကြာကြာစိတ်မကောက်နိုင်ပါဘူး ၊ ဒေါက်တာရဲ့ အပြောတွေမှာ အရည်ပျော်ကျရတာ အကြိမ်ကြိမ် အခါခါ ......

အပိုင်းသစ်မျှော် .....
Update လေးမှန်အောင် ကြိုးစားပါ့မယ်ရှင်

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now