Part - 7

2.8K 129 1
                                    

ဒေါက်တာက ၃၉ နှစ်တဲ့လား ငါ့အမတွေထက် ငယ်လို့တော်သေးတာပေါ့ဆိုပြီး ဘာအကြောင်းကြောင့်မှ သေချာမသိပဲ ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်

ဒီနေ့အလုပ်ပိတ်ရက်လည်း ဖြစ်တော့ ကျွန်မ အိမ်မှာပဲ ဒေါက်တာပြောထားသလို ကောင်းကောင်းအနားယူမည်ဖြစ်သည် ၊ စားချင်တာတွေကို Food Panda က မှာစားမည် ၊ ဒေါက်တာပေးထားတဲ့ ဆေးလေးတွေသောက်မည်၊ နေ့ခင်းဖက် ပျင်းရင် မေမေ့နဲ့အတူ စန္ဒယားတီးမည်

ထိုစဉ် အဖျက်သမား ကျွန်မသူငယ်ချင်းဆီက ဖုန်းဆက်လာတော့သည်
"ဟက် နှင်း ... နင်လည်းပျောက်ချက်သားကောင်းချက် ငါတို့ကိုဖုန်းတောင်မဆက်နော်"
"အမလေး မှတ်ကြီးတောင်ကျောင်းထားပေးရအုံးမယ်... ဟိုနေ့မင်္ဂလာဆောင်တုန်းကတောင် တွေ့သေးတာကို အပိုတွေဟယ် နင်က"

"ငါဒီနေ့ ရန်ကင်းဘက်လာဖို့ရှိလို့ ပြီးရင်နင်နဲ့ကော်ဖီသောက်မလားလို့"
"တော်ပါဟယ် ငါအက်နေ့က ဟိုတယ်ကအပြန် ဆေးရုံရောက်သွားတာဟ နင်တ်ို့မသိဘူးမလား"
"ဟယ် ဘယ်လိုဖြစ်လို့နင်ကလည်း"
"အေး ငါက ယောဂသင်တန်း သွားလိုက်တာ ပိုဆိုးသွားတာဟ အက်တာသင်တန်းမှာခင်တဲ့ ဒေါက်တာက ငါ့ကိုအစအဆုံးကူညီပေးတာ"
"ဟုတ်လား သူငယ်ချင်းရယ် အာ့ဆိုငါနင့်အိမ်လာခဲ့မယ်လေ"
"အေး လာရင် စကားသိပ်မများနဲ့ ငါလေကုန်တယ် ငါ့ကို ဒေါက်တာက နားနားနေနေ နေတဲ့ "
"အော် အေးပါ အာ့ဆိုမလာတော့ပါဘူး ဒါနဲ့ ဒေါက်တာ ဆိုတာချောချောလေးလား ပြောပြအုံးငါ့ကို''
"ဟယ် တော်ပြီ ငါဖုန်းချပြီ''
တော်တော်လေကြောရှည်တဲ့ မိန်းမ

ကျွန်မလည်း မနက်ကစဉ်းစားထားတာလေးတွေ လုပ်ပြီး နားနားနေနေနေလိုက်တာ တော်တော်သက်သာလာသည်။ ဒါနဲ့ပဲ ကျွန်မလည်း ဒေါက်တာနဲ့ မနက်ဖြန်တွေ့လို့ရသည်ကို စဉ်းစားမိပြီး ဖုန်းခေါ်
လိုက်မိသည် ဖုန်းဝင်သွားပြီး တော်တော်ကြာသည်အထိ မကိုင်သဖြင့် ကျွန်မခေါ်လိုက်သည့် အချိန်ကစောနေမှန်း သိလိုက်သဖြင့် ဖုန်းချဖို့ပြင်လိုက်စဉ် .....
"ဟဲလို ဘာဖြစ်လို့လဲ ကလေးမ''ဟု စိတ်ပူသောအသံဖြင့် အလောသုံးဆယ် လာကိုင်သည်
"ဘာမှမဖြစ်ပါဘူး ဒေါက်တာရဲ့ .... ဒီအတိုင်း ဒေါက်တာကို မုန့်လိုက်ကျွေးမို့ ချိန်းချင်လို့ပါ"
"အော် တို့ဖြင့်စိတ်ပူသွားတာ ဒါဆို တို့အိမ်ရောက်မှ ပြန်ခေါ်လိုက်မယ် အခု ဆေးရုံမှာပဲရှိသေးလို့ကွ"
"အော်ဟုတ်ဟုတ် "ဆိုပြီး ကျွန်မလည်း အလျင်အမြန် ဖုန်းချလိုက်သည်
ကျွန်မ ညထိတောင်မစောင့်နိုင်ပဲ ညနေကြီးဖုန်းခေါ်လိုက်မိတာ ကျွန်မစိတ်တွေ တော်တော်လောသွားတာပဲ

ကျွန်မ ဒေါက်တာနဲ့ပတ်သက်လာရင် စိတ်ခံစားချက် တွေသာမက ဘာဆိုဘာအရာမှ မထိန်းချုပ်နိုင်ပါ  ...

ထမင်းစားသောက်ပြီး တီဗီကြည့်နေစဉ် ဒေါက်တာဆီမှ ဖုန်းဝင်လာသဖြင့် ကျွန်မကိုင်လိုက်သည်

"ဟဲလို''
"ကလေးမ မင်းစိတ်ဆိုးသွားလား တို့ဖုန်းချသွားတာကို"
"ဟာ မဆိုးပါဘူး ဒေါက်တာရဲ့ နှင်းကသာ ဒေါက်တာ့ အလုပ်ချိန်ကြီးကို ဖုန်းခေါ်မိတာ"
"အင်းပါ မဆိုးရင်လည်းပြီးရော နေလို့ကောကောင်းရဲ့လား"
"ဘာမှကိုမဖြစ်တော့တာ ဒေါက်တာရေ ကျွန်မ ဒါ့ကြောင့် ဒေါက်တာကို မုန့်လိုက်ကျွေးချင်လို့"
"ကောင်းသား တို့လည်းနက်ဖြန်အားတယ်''
"ဟုတ် အာ့ဆို ဘယ်မှာချိန်းကြမလဲ"
"မင်းကိုတို့ လာခေါ်မယ်လေ မင်းကားမမောင်းနဲ့အုံးလေ"
"ဟုတ် ဒေါက်တာ အာ့ဆို ဘယ်အချိန်လောက်လဲ"
"၄ နာရီဆိုမကောင်းဘူးလား ကလေးမ"
"အိုခီပါ ဒေါက်တာ see you tomorrow'' ဟု ဆိုကာ ကျွန်မပျော်ရွှင်မှုကြီးကို ခံစားမိလိုက်သည် ၊ မနက်ဖြန်မှာ အလှဆုံးဖြစ်နေဖို့ ဘာဝတ်ရမလဲကိုပါ စဉ်းစားလိုက်တော့သည်
ကျွန်မ လက်တစ်လုံးကြိုး ဂါဝန်ပန်းရောင်လေးနဲ့အပေါ်က tweed coat လေးကိုသာ ဝတ်လိုက်ပြီး ဒေါက်တာလာခေါ်တာ စောင့်နေလိုက်တော့သည်
သူမကားအပြာလေး အိမ်ရှေ့အရောက် ကားပေါ်ကနေ မျက်တောင်မခတ်ကြည့်သူမှာ ထိုအမျိုးသမီး ကျွန်မကားပေါ်ရောက်သွားတာနဲ့
"ကလေးမ မင်းက ဒီလိုပုံမျိုးလေးတွေ အရမ်းဝတ်တာပဲနော် မင်းကိုစတွေ့တုန်းကလည်း ဒီလိုမျိူး ဂါဝန်လေးနဲ့''
"ဟုတ်တယ် ဒေါက်တာ ..ဆေးရုံကို ဝတ်လာတုန်းကလည်း ဒါနဲ့တစ်ပုံစံထဲပဲ  အရောင်ပဲကွာတာ ၊
ဒေါက်တာက အကုန်မှတ်မိနေရောနော်"
"ဒီလိုပါပဲ ကလေးမရယ် တို့တွေအခုဘယ်သွားကြမလဲ"
"Hotpot သွားစားမလားဒေါက်တာ ကြိုက်လားဟင်''
"တို့ကြိုက်ပါတယ် ကလေးမရဲ့''
" ဒါဆို Beauty in the pot မှာ သွားစားကြမယ် ဒေါက်တာ"

ဆိုင်သို့ရောက်သော် ဒေါက်တာက အချိုဟင်းရည် ကိုမှာပြီး ကျွန်မက အစပ်တကာ့အစပ်ဆုံး ဟင်းရည်ကို မှာကတည်းက ကျွန်မတို့ နှစ်ယောက် အကြိုက်ချင်းမတူဘူး ဆိုတာ သိသာလွန်းလှပါသည်။ ကျွန်မအစပ်တွေစားလွန်းလို့ သူမကတောင် ကျွန်မကို အစာအိမ်ဖြစ်မယ် သိပ်မစားပါနဲ့လို့တောင် တစ်တွတ်တွတ်ပြောနေလေသည်။ ကျွန်မနှင့်သူမ ရင်နှီးလာသဖြင့် သူမကို ကျွန်မ စကားတစ်ခွန်းစပြောမိသည် .....

အပိုင်းသစ်မျှော် _____________

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now