ဒီမှာ ကလေးမ ... ဆရာဝန်အခန်းထဲ ဝင်လာရင် ဖုန်းကို silent လုပ်ထားရမယ် ဆိုတာကို မင်းမသိဘူးလား .... အမရယ် ဆောရီးပါ .... အခုခေတ် ကလေးတွေက ကျင့်ဝတ်တွေ နားမလည်ကြလို့ ပြောပြလိုက်တာပါ လို့လည်း မေမေ့ကို တရစပ် လွှတ်နေလေသည်။
သူမဆီက ကလေးမ လို့ ခေါ်တဲ့စကား ၊ အခုခေတ် ကလေးတွေက လို့ ခိုင်းနှိုင်းလိုက်တဲ့ စကားတွေကို ကြားပြီး ကျွန်မ ကိုယ့်ကိုကိုယ် ပထမဆုံး ငုံ့ကြည့်မိသည်။
ဂါဝန်အဖြူအရှည်လေးက်ို ဝတ်ထားတဲ့ ကျွန်မဝတ်ပုံစားပုံမှာလည်း ကလေးဆန်မနေပါ ၊ ကျွန်မလက်မခံနိုင်ဆုံး စကားမှာ အခုခေတ်ကလေးတွေဆိုသောစကားပင် ၊ အက်လိုပြောရအောင် ကျွန်မက အခုခေတ် လူငယ်လို့ ပြောနိုင်ပင်မဲ့ အခုခေတ်ကလေး လို့ ပြောရလောက်အောင် ကျွန်မအသက်သည် ၁၇/၁၈ မဟုတ်ပါ
နောက်တစ်ချက်ကတော့ အမူမဲ့ အမှတ်မဲ့ဖြစ်သွားတဲ့ ကိစ္စကို သူမအခုလောက်ထိပြောစရာမလိုပါ ၊ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ပြီးသွားနိုင်တဲ့ ကိစ္စဖြစ်သဖြင့် ကျွန်မ စိတ်တိုမိပါသည်။
စိတ်တိုလွန်းလို့ မေမေ့နားတောင်မသွားနိုင်ပဲ ဝေးဝေးကနေ ရပ်ကြည့်ပြီး ခုနကိစ္စကိုပဲဆက်တွေးနေမိပါတယ် ၊ ရုပ်ကလေးက တည်ကြည်ခန့်ညားသလောက် စိတ်ကဆိုးတတ်လိုက်တာလို့ ကျွန်မတွေးမိသည်မှာ အကြိမ်ကြိမ် ...
ခဏနေတော့ မေမေက ကျွန်မဘေးရောက်လာပြီး ဒေါက်တာ ခုနကိစ္စအတွက်တောင်းပန်ပါတယ် .... ဒါက အစ်မသမီး အငယ်ဆုံးလေး နှင်းမိုးဇူလှိုင်ပါ .. ထိုစဉ် ထိုအမျိုးသမီးမှာ တစ်ချက်ပြုံးလိုက်ပြီး မေမေက ဆက်၍ အသက်ကတော့ ပြောမယ့် အချိန်တွင် သူမ မျက်လုံးအရောင်တောက်သွားတာကို တွေ့လိုက်ရချိန် ...
အော် .... မေမေရယ် နှင်းက သူ့ patient မှ မဟုတ်တာ အက်လောက်ပြောနေစရာ မလိုပါဘူး လို့ဆိုလိုက်ပြီး ကျွန်မတစ်ယောက်ထဲ အခန်းထဲက လှည့်ထွက်ခဲ့လိုက်ပါတယ်ခဏအကြာတော့ မေမေပါထွက်လာပြီး ကျွန်မလုပ်ရပ်က မှားကြောင်း .... ဘယ်လောက်ပဲ စိတ်ဆိုးဆိုး စိတ်သဘောထားပြည့်ဝတဲ့ ဒေါက်တာ့ကို အခုလိုမျိုး ပြန်မဆက်ဆံသင့်ကြောင်း ပွစိပွစိပြောနေပါတယ် ..
YOU ARE READING
ဘုရားကပေးတဲ့ ဆုလာဘ်
Romanceမင်းကအချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပါ ........ ဒေါ်မြသန္တာကျော် ကျွန်မအတွက်တော့ ဒေါက်တာက အစဦးနဲ့ အဆုံးသတ်ပါပဲ ........ နှင်းဧကရီဖြူ