Part - 18

1.8K 83 1
                                    

"သင်္ကြန်ကို တို့သူငယ်ချင်းတွေကလည်း နိုင်ငံခြားတွေက အလည်ပြန်လာကြမှာလေ၊ အက်တာ ဒေါက်တာတို့ ကလောသွားလည်ကြမလို့ ၊ သမီးကို ခွင့်တောင်းတာပါ"

"အော် ဒေါက်တာရယ် ဘာများလဲလို့ ခွင့်တောင်းစရာမလိုပါဘူး ၊ သွားလို့ရပါတယ် ၊ စိတ်မကောင်းတာ တစ်ခုက သမီးကအစက ဒေါက်တာနဲ့ င်္သကြန်ကိုအတူတူဖြတ်သန်းမယ်လို့ စိတ်ကူးယဉ်ထားမိတာ ၊ ဒါပေမယ့် အက်တာက အရေးမကြီးပါဘူး နောက်မှပေါ့"

"မျက်နှာလေးက ဇီးစေ့လောက်လေး ဖြစ်သွားတာ ကြည့်ပါအုံး ၊ တို့လေ တို့ရည်းစားလေးကို အမြဲထည့်စဉ်းစားပါတယ်၊ သဇင့်အမ လွင်လည်းပါမှာလေ ၊ ဇင့်ကိုခေါ်လို့ရရင် သမီးတို့နှစ်ယောက်လိုက်ခဲ့လေ"

"ဇင်က အလုပ်ကခပ်ရှုပ်ရှုပ် ၊ သူမပါရင်ေကာ သမီးက လိုက်လို့မရဘူးမလား" ဂျစ်တစ်တစ် ဖြစ်သွားတဲ့ ကိုယ့်မျက်နှာကို ပြင်ချိန်မရလိုက်

"စွာနေတာကြည့်ပါအုံး တို့ရည်းစားလေးက" ကျွန်မရဲ့ လက်နှစ်ဖက်ကို အသာလေးကိုင်ပြီး "တို့အဖွားကြီးတွေကြားထဲ မင်းအနေရခက်မှာစိုးလို့ပါကွ ၊ ဇင်မပါလည်း တို့သူငယ်ချင်းနောက်တစ်ယောက်ရဲ့ ညီမလည်းပါမှာ ၊ မင်းအဆင်ပြေတယ်ဆို လိုက်ခဲ့လို့ရပါတယ်"
"သမီးလိုက်ရင် ဒေါက်တာက အဆင်ပြေလား၊ သူတို့ကိုကော ဘယ်လိုမိတ်ဆက်ပေးမှာလဲ"
"အင်း အခုကတော့ သင်တန်းက အသိညီမလေးလို့ပဲ မိတ်ဆက်ပေးလို့အဆင်ပြေနိုင်မလား ၊ ခုလိုပြောတာ မင်းကိုတန်ဖိုးမထားလို့မဟုတ်ဘူးနော် ၊ အချိန်တစ်ခုရောက်ရင် တို့မင်းကို တရားဝင်မိတ်ဆက်ပေးမှာပါနော်"
ကျွန်မမျက်ဝန်းလေးတွေကိုကြည့်ပြီး အသနားခံနေသလို မျက်နှာလေးနဲ့ ဒေါက်တာ့ကို ပြန်ပြုံးပြလိုက်ရင်း
"ဒါတွေမလိုပါဘူး ဒေါက်တာရယ် သမီးနားလည်ပါတယ်နော် ၊ ဇင်မပါလည်း သမီးလိုက်ဖြစ်အောင်ကြိုးစားမယ်နော်"
"အင်းပါ ၊ မင်းစိတ်ထဲမှာ တို့ကမင်းကို ခေါင်းထဲမရှိဘူးလို့ ထင်သွားမှာ တို့သိပ်ကြောက်တာပဲကွာ ၊ တို့ရဲ့ နှလုံးသားထဲရော ၊ ဦးနှောက်ထဲမှာရော မင်းက အမြဲတမ်းနေရာယူထားတယ် ဆိုတာ မင်းသိထားနော်"
"အမြဲတမ်း ယုံကြည်နေပါမယ်နော်"
———————

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now